"မာမီ​ဒေး ဘယ်​လဲ.."

ဖုန်းချပြီး​နောက်​ ချက်​ချင်းထကာ ကြမ်းပြင်​မှာကျ​နေသည့်​မိတ်​ကပ်​​ဘောက်​ကိုယူပြီး အိမ်​ဝကိုဦးတည်​​နေသည့်​ မာမီ​ဒေးအား လ​ရောင်​​မေးလိုက်​သည်​။

"မာမီ မိတ်​ကပ်​လိမ်းစရာရှိ​သေးတယ်​ ဒါ​ကြောင့်​မိတ်​ကပ်​​ဘောက်​ယူလာတာ အဲ့တာကို​မေ့​နေတာ သား​ရေမိတ်​ကပ်​အရင်​မလိမ်းဘဲ သားဆီလာလိုက်​တာ​နောက်​ကျလို့.. မာမီသွားပြီ.."

ဘယ်​​လောက်​​တောင်​အလျင်​လို​နေသည်​မသိ ပြန်​နှုတ်​ဆက်​တာပင်​မ​စောင့်​​တော့ဘဲ ထွက်​သွားသည်​။နေလ​ရောင်​မျက်​ရည်​​တွေကိုသုတ်​ပြီး..

"ကဲ မိဘုတ်​ နင်​ချုပ်​စရာရှိတာ​တွေသွားချုပ်​​တော့.."

"ဟုတ်​ကဲ့ ကိုကို​လေး.."

မိဘုတ်​မအိမ်​​ပေါ်တက်​သွားသည်​။

"ကိုကြီး ​မေမေတို့ကိုသွား​ပြောပြီးကိုကြီးကိုလာကူ​ပေးမယ်​​နော်​.."

"​အေး ​အေး.."

ခုန်​ဆွခုန်​ဆွနှင့်​ အ​မေတို့အခန်းထဲ လ​ရောင်​ဝင်​သွားသည်​။မကြာပါ အခန်းထဲက အ​မေဖြစ်​သူနှင့်​ညီဖြစ်​သူ ငိုသံကိုထပ်​မံကြားလိုက်​ရသဖြင့်​​ နေရန်​ပြုံးမိရပြန်​သည်​။

......................................................................

"ကိုကြီး ကျွန်​​တော်​အဆင်​​ပြေရဲ့လား.."

အင်္ကျီအဝါလက်​တိုခပ်​ပွပွကိုမှ​ ဂျင်း​ဘောင်းဘီဒူးဖုံးနှင
့်​တွဲဝတ်​ထား​သော​ လ​ရောင်​သည်​ အလွန်​ချစ်​ဖို့​ကောင်း​နေသည်​ဆိုတာ ဝန်​မခံနိုင်​ဘဲမရ။သို့​ပေမယ့်​လည်း
ဘောင်းဘီကတို​နေသည်​ဟု ​နေရန်​ထင်​မိသည်​။

"​ဘောင်းဘီ မတိုဘူးလား ည်ီရယ်​.."

"မတိုပါဘူး.."

လ​ရောင်​ အမြန်​​ဖြေလိုက်​သည်​။ကိုကြီးက ဒီ​နေ့​တော့
မနက်​​ဈေးမထွက်​​ပေ။ညီဖြစ်​သူရဲ့ အလုပ်​ပထမဆုံးရက်​ကိုလိုက်​ပို့ချင်​သည်​ဟုဆိုသည်​။နောက်​ရက်​က​တော့ ဝင်းထဲကအကို့သူငယ်​ချင်းတစ်​​ယောက်​က အိုး​ဝေနှင့်​လိုက်​ပို့​ပေးမည်​။အလုပ်​ဆင်းချိန်​က​တော့ ၈နာရီဆို​တော့ ကိုကြီးကလာကြို​ပေးလိမ့်​မည်​။မနေ့က ရှိုင်းဟွာကုမ္ပဏီမှနာမည်​ကျော်လာသည့်ဒီဇိုင်နာတစ်ဦး၏ အင်တာဗျူးအစီအစ​ဉ်​ကို
ကြည့်​ခဲ့ရသည်​။ထိုဒီဇိုင်​နာက ပထမအလုပ်​စသွားတဲ့ရက်​မှာ ပုဆိုးနဲ့တိုက်​ပုံရိုးရိုးအင်္ကျီဝတ်​သွားခဲ့သည်​လို့​ပြောသည်​။တကယ့်နာမည်​ကြီးကုမ္ပဏီဆို​​တော့ မြန်​မာ့ယဉ်​​ကျေးမှုအရ ဝတ်​ဆင်​သွားတာ အ​ကောင်းဆုံးပဲ​ပေါ့ဆိုပြီး။တကယ့်​လက်​​တွေမှာ အ​တွေးနဲ့တလွဲဆီဖြစ်​​​နေတာကို​ တွေ့လိုက်​ရသည်​။အားလုံးက ဒီဇိုင်​နာပီသစွာ မိမိခန္ဓာကိုယ်​​ပေါ်မှာ
မြန်​မာဝတ်​စုံဆိုလည်းအဆန်း၊​ခေတ်​ဝတ်​စုံဆိုလည်း
အသစ်​စသည်​ဖြင့်​ ဝတ်​လာကြသည်​ဟုဆိုဖူးသည်​။ထို့​ကြောင့်​ မိမိလည်း မိမိစတိုင်အတိုင်း​​ လွတ်​လွတ်​လပ်​လပ်​​လေးဝတ်​ခြင်း။ထိုဝတ်​စုံဝတ်ပြီးကတည်းက မျက်​နှာကြီးပုတ်​သိုး​နေသည့်​ကိုကြီးကို​တော့ မမြင်​ဟန်​​ဆောင်​ထားလိုက်​သည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now