"သားရေ...လပြေလေး.."
အိမ်ပြင်မှ အော်သံစူးစူးကိုကြားလိုက်ရသည်။သေချာသည်အိမ်အနားမရောက်ခင် အိမ်ထဲအထိ ကြားအောင်အော်နိုင်တယ့်သူသည် မာမီဒေးတို့ပင်ရှိသည်။
"သား..လပြေလေး...အယ်..သားတို့ကဒီမှာလား.."
ပါလာသည့် မိတ်ကပ်ဘောက်ကို ဝုန်းကနဲပစ်ချကာ ဧည့်ခန်းမှာထိုင်နေသည့်လရောင်တို့ထံ အမြန်သွားလိုက်သည်။
"ငါ့သားလေး အရွေးခံရတယ်မလား.."
"ရွေးခံရတယ်မာမီရေ အကောင်းဆုံးတဲ့အဲ့တာကို ကိုကိုလေးကငိုနေတယ်.."
"ဟယ် အကောင်းဆုံး ပြစမ်းပါအုံးမိဘုတ်.."
မိဘုတ်မပြသည့်ဖုန်းကိုကြည့်ပြီး ဒေးဗစ်ပါ မျက်ရည်တွေကျလာသည်။
"ဟာ...မငိုကျနဲ့လေဗျာ.."
နေရန်ရေရွတ်လိုက်သည်။
"ပျော်လွန်းလို့ပါဟဲ့.."
"မာမီ...အင့်...ဒေး..."
"လပြေလေး..."
သူတို့အချင်းချင်း ဖက်ငိုနေကြသည်ကြောင့် နေရန်မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်သည်။ရယ်သံကြားတော့ ညီဖြစ်သူမျက်စောင်းက ဒိန်းကနဲရောက်ချလာသည်။
"ကျွန်တော်..အင့်...ငိုတာကို..ပျော်နေတာ..လား."
"မဟုတ်ပါဘူးကွာ..ချစ်ဖို့ကောင်းလို့.."
ဖြေရှင်းချက်ပေးလိုက်မှ မာမီဒေးကို ဖက်ထားတာကို ခွာကာမျက်ရည်တွေကိုသုတ်နေသည်။
ring! ring!
ဖုန်းလာတာကြောင့် ဒေးဗစ်မျက်ရည်တွေကိုသုတ်ကာ..
"ဟယ်လို မာမီဒေးပြောနေပါတယ်ရှင်.."
"ဟယ်..ဟုတ်သား.."
ဟိုဘက်က ဘာပြောလိုက်လို့လဲမသိ မာမီဒေးကတော့အလန့်တကြားထအော်သည်။
"အေး အေး လာပြီ မာမီမေ့တာ မာမီ့အမှား..အေး..အေး..လာပြီ.."
ВИ ЧИТАЄТЕ
You're my everything(Zaw and Uni) (Completed)
РомантикаI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥