page 3 &4

1.1K 44 0
                                    


Page-3

ပြောရရင် ဖုန်းကျိုက သူ့အတွက် အမြဲတမူထူးခြားသူတစ်ယောက်ပါ။ ဒါပေမယ့် သူကိုယ်တိုင်က သူ့ရဲ့ဒီခံစားချက်တွေကို မေးခွန်းမထုတ်မိခဲ့ဘူး။ ထိုသို့လုပ်ဖို့ သူ့မှာအချိန် ဒါမှမဟုတ် ကြိုးစားအားထုတ်မှု မရှိခဲ့လို့လည်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဒီလိုကိစ္စမျိုးက ဗုဒ္ဓကျမ်းစာတွေကိုမှတ်ချက်ပြုရတာနဲ့ မတူဘူး။ တစ်ခါတစ်ရံ နားလည်ဖို့မကြိုးစားတာကပဲ အဖြေမှန်ကိုရစေနိုင်တယ်လေ။ တစ်ခါတစ်ရံ ကံကြမ္မာနဲ့ ပိုပြီးသက်ဆိုင်တာမျိုးရှိတယ်။

ဒါဆို ပြိုင်ပွဲနေ့တုန်းကကံကြမ္မာက တကယ်ဘယ်လိုကံကြမ္မာမျိုးလဲ? သုံဟွာ အံ့အားသင့်ရလောက်အောင် သဘောပေါက်နားလည်လာခဲ့တယ်။

ထိုအချိန်တုန်းက ကြည့်စင်ရဲ့အမြင့်ဆုံးမှာထိုင်ရင်း ဖုန်းကျိုတစ်ယောက် သူမရဲ့အတန်းဖော်တွေကို ဓားကွက်အနည်းငယ်နဲ့ အလဲတွန်းလိုက်နိုင်တာကို မြင်တွေ့နေခဲ့ရတယ်။ သူမရဲ့ဓားကို ဓားအိမ်ထဲပြန်သွင်းလိုက်ချိန်မှာ သူမရဲ့ချယ်ရီရောင်နှုတ်ခမ်းလေးတွေ အနည်းငယ်တိတ်တဆိတ်ကွေးတက်သွားတာကို သတိထားမိလိုက်တယ်။ ထိုအချိန်မှာ သူမရဲ့ချင်းချူကဘုရင်မရာထူးကို ပထမဆုံးအမှတ်ရမိသွားခြင်းပါပဲ။ ထိုအပြုံးကိုမြင်တော့ သူ့စိတ်ထဲမှာ စကားလုံး၄လုံးကိုသွားသတိရတယ် 'duan zhuang shu jing'

'လေးစားထိုက်ခြင်း' 'အိန္ဒြေသိက္ခနဲ့ပြည့်စုံခြင်း' လို့ပြောကြတယ်။ သူမလေးမှာ ဒီလိုပုံစံဖြစ်တဲ့အခါမျိုးလည်း ရှိနေနိုင်တာပဲလား? သူ့အတွက်တော့ ဒါက စိတ်ဝင်စားစရာရှာဖွေတွေ့ရှိမှုကြီးပဲ။

ကြောက်လန့်နေတဲ့ Biyiniao လေးတစ်ယောက် သူ့ကို လက်ဖက်ရည်ပူပူတစ်ခွက်လာချပေးတယ်။ သူ ထိုလက်ဖက်ရည်ခွက်ကိုယူပြီး တစ်ငုံလောက် အသာအယာသောက်လိုက်တယ်။ ထို့နောက် သူပြန်လှည့်ကြည့်လိုက်ချိန်မှာ သူမပြုံးနေတာရပ်သွားလေပြီ။

သူမရဲ့အပြုံးက မသင့်တော်ဘူးလို့ သူမစဉ်းစားမိလို့လည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေသတိမထားမိချိန်မှာ တစ်စုံတစ်ယောက်က သူမအပြုံးကိုမြင်သွားမလား စိုးရိမ်လို့လိုက်ကြည့်နေသလိုမျိုး အောက်နှုတ်ခမ်းလေးကိုကိုက်ရင်း သူမ ပြိုင်ပွဲရင်ပြင်ကို တစ်ချက်လောက်ဝေ့ကြည့်လိုက်တယ်။ ရွှမ်းစိုနေတဲ့နှုတ်ခမ်းဖူးလေးဆိုတော့ ထိုသို့အသာအယာဖိကိုက်လိုက်ခြင်းကပင် ကိုက်လိုက်တဲ့နေရာမှာ ဖြူလျော့လျော့အရောင်ကိုပြောင်းသွားစေတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ ဆောင်ဦးမှာပွင့်တဲ့နှင်းဆီရောင်လေးလို တစ်ဖန်ပန်းရောင်သို့ပြောင်းသွားပြန်တယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now