ကျွန်တော့ နာမည် ကာရန် ပါ။ငယ်ငယ်လေးကတည်းက မိဘမရှိ၊ ဆွေမျိုးသားချင်းလည်းမရှိတဲ့ တစ်ကောင်ကြွက် ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်က ကံကောင်းတယ်ဗျ ဘာလို့ဆို ကျွန်တော်ကိုကျောင်းတက်ဖို့ ထောက်ပံ့ပေးတဲ့သူ ရှိတာ မွေးစားတာမျိုးလည်းမဟုတ်ဘူး ကျွန်တော့ကျောင်းစရိတ်ထောက်ပံ့ပေးရုံပေါ့ဗျာ။ ကိုယ့်ဘဝကို သိတဲ့ကျွန်တော်ကတော့ ကြိုးစားတယ်။
ကျွန်တော် ၈တန်းလောက်ရောက်တော့ အလုပ်စလုပ်တယ်ဗျ။ Tour guide လုပ်တယ် အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့ဗျာ။ အခုတော့ ကျွန်တော် ၁၀တန်းအောင်လို့် တက္ကသိုလ် တောင်ပထမနှစ်တက်တော့မယ်။ ရည်မှန်းချက် ကတော့ ဆရာဝန် အရမ်းဖြစ်ချင်တယ်။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ ကျွန်တော့ ဘဝကြောင့် ရည်မှန်းချက် မပြည့်ခဲ့ဖူးပေါ့ဗျာ။ ဒါပေမယ့် လည်း eng language တော်တော်လေးတိုးတက်လာတယ် ပြီးတော့ ပိုက်ဆံ လည်း အများကြီး စုမိတယ်။ ခုဆိုရင် ကျွန်တော် ဘယ်သူ့အထောက်အပံ့မှ မလိုတော့ဘူး ကိုယ့်ဘဝကို ရပ်တည်နိုင်ပြီ။
အိမ်တော့မပိုင်သေးဘူးပေါ့ဗျာ။ တိုက်ခန်းကောင်းကောင်းလေးနဲ့ ကိုယ်ပိုင်ဆိုင်ကယ်လေးနဲ့ ဘဝကို ဆက်လျှောက်နေတယ်။ အားရင်အားသလို tour guide လုပ်တယ် eng စာလိုက်သင်တယ်။ ကျေနပ်ပါတယ်။ ဒီနေ့တော့ တက္ကသိုလ် ပထမ ဆုံး တက်မယ့်နေ့ စိတ်နည်းနည်းတော့ လှုပ်ရှားမိတယ်။ တော်သေးတယ် ကျွန်တော့ သူငယ်ချင်း လပြည့် ရှိလို့ ။ ငယ်ငယ်လေးကတည်းက ကျွန်တော့ အတွက် သူငယ်ချင်း ကောင်းတစ်ယောက်ပါ။ သူလည်းဆရာဝန်ဖြစ်ချင်ခဲ့တာ ရည်မှန်းချက် မပြည့်ခဲ့တော့ နှစ်ယောက်အတူတူ tourism major ကို ရွေးခဲ့တာပေါ.။"တီ တီ တီ " "ဟေ့ရောင် မပြီးသေးဘူးလားကွာ တအားပြင်မနေနဲ့ "
အာဗြဲကြီးနဲ့ အော်နေတယ် အိမ်ရှေ့ကနေ ဟွန့်
"လပြည့် မင်းအသံ ကောင်းတယ်များမှတ်နေလား အော်မနေနဲ့  လာပြီ သူတောင်းစား ရဲ့"
"အစောကြီးရှိသေးတာ လောနေတာပဲ လပြည့်ရာ"
YOU ARE READING
ကိုကိုကျေနပ်မယ်ဆိုရင် ကျွန်တော် ......
Romanceမရည်ရွယ်ပဲ ဖြစ်ခဲ့တဲ့ အမှားပါ ဒါပေမယ့် ခင်ဗျား ကျေနပ်တဲ့အထိ ပေးဆပ်မှာပါ ❤ကာရန် မင်းရင်ထဲ ခံစား နာကျင် ပြီးငိုနေတာကြည့်ရတာ အပျော်ဆုံးပဲ ❤ရှင်းဆက် မငိုပါနဲ့ ကာရန် ကိုယ် မင်းမျက်ရည် တွေကို မမြင်ချင်ဘူး ရင်ထဲစူးနင့် နေ...