ပုခုံးကိုပုတ်ကာဆိုသည်။
"ဟုတ် ကျေးဇူးတင်ပါတယ်ဦးလေး..ဒါဆိုကျွန်တော်သွားပြီဗျ"
"အေးအေး"
ထိုနေရာမှ ပြန်ထွက်လာကာ အိမ်သို့အမြန်သွားရသည်။မေမေမရောက်ခင် အရင်ရောက်နှင့်နေမှဖြစ်မည်။
.....................................................................
အမှန်အတိုင်းပြောရရင် ဒီနေ့စာသင်ရတာ စိတ်မပါပေ။
ဘေးမှာ လွတ်နေသည့်ထိုင်ခုံလေးကိုကြည့်ကာ
စိုင်းတိမ်ယံလင်းစိုးရိမ်လာသည်။ဖျားလို့သုံးရက်ခွင့်တိုင်သည်တဲ့လား။ဘယ်လောက်တောင်ဖျားလို့ သုံးရက်တောင်မှ ကျောင်းပျက်ရတာလဲ။မနေ့ညကတောင်
လွမ်းလွန်းလို့ သူဆွဲထားတယ့်ပုံလေးကို ရင်ထဲပိုက်ပြီး
အိပ်ခဲ့ရသည်။ဒါတောင်သူက ကျောင်းမလာဘူးတဲ့လား။
ငါ့ရင်ထဲကအလွမ်းတွေကို ဘယ်လိုဖြေသိမ့်ရမှာလဲ
နေလရောင်။ကျောင်းလာတယ့်အချိန်မှ မင်းကိုအပြစ်ပေးရမယ်။ငါ့ကိုလွမ်းအောင်လုပ်တဲ့အတွက် မင်းကိုနမ်းမယ်။"ဘာ!"
စိုင်းတိမ်ယံလင်းအသံကြောင့် ရှေ့ကဆရာမလှည့်ကြည့်လာသည်။ထိုအခါမှ ခပ်တည်တည်ဖြင့် တိမ်ယံဖြေရှင်းချက်ထုတ်ရသည်။
"တောင်းပန်ပါတယ် ဆရာမ ကျွန်တော်အတွေးလွန်သွားလို့ပါ"
"စာသေချာနားထောင်လေ တိမ်ယံ"
"ဟုတ်.."
ကျောက်သင်ပုန်းကို ခပ်ထွေထွေငေးစိုက်ကြည့်နေပေမယ့်စာထဲစိတ်မရောက်။ကျောက်သင်ပုန်းပေါ်ကို ဆရာမစာရေးနေတာသိသည်။သို့ပေမယ့် ဘာတွေရေးနေလဲဆိုတာ
စိုင်းတိမ်ယံလင်းတကယ်မသိ။#ငါတကယ်သူ့ကိုနမ်းလိမ့်မယ်လို့ပြောတာလား#ဟုသာ
တွေးမိနေသည်။ငါတကယ်အရူးရင့်နေပြီဘဲ။"ဟက်!"
သူ့ကိုလွမ်းသော အလွမ်းစိတ်တို့ပျောက်လို့ပျောက်ငြား
စာထဲကို အာရုံစိုက်မိသည်။သူ့မျက်နှာအတွေးထဲ
ပေါ်မလာစေရန် ကျောင်းသင်ပုန်းပေါ်က သချာင်္ကဏန်းတွေကို အာရုံစိုက်ပြန်မိသည်။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥