ကိုယ်​ကသာ အ​ရေးတယူစကား​ပြော​သော်​လည်း
ထိုထူးဆန်းသည့်​ သ​ကောင့်​သားသည်​​ ​ကျောက်​သင်​ပုန်းကိုသာ စိုက်​ကြည့်​မြဲ။လ​ရောင်​လက်​မ​လျော့​သေးဘဲ
နောက်​ထပ်​စကား​ဆက်​​ပြောသည်​။

"ဒီ​လောက်​ပူ​နေတာကို လက်​အိတ်​​တွေ​ကော လက်​ရှည်​အင်္ကျီ​တွေ​ကော။ ချွတ်​ထားပြီး ဒီ​ပေါ်တင်​ထားပါ့လား"

ထိုင်​​ခုံ​ကို ပုတ်​ပြကာ အင်္ကျီတို့ကို တင်​ထားရန်​ လ​ရောင်​ ​ပြောမိ​သော်​လည်း သူသည်​ အ​ရေးမလုပ်​။
သူ့လက်​​မောင်းကို ထိရန်​ပြင်​​တော့ ခန္ဓာကိုယ်​ကို
နောက်​ဆုတ်​သွားသည်​​ကြောင့်​ ကိုယ့်​လက်​သည်
လေထဲမှာ ရပ်​တန့်​လျက်​။ထိုအခါမှ အ​နောက်​တံခါးနားမှာရပ်​​နေသည့်​ ဦ​လေးကြီးတစ်​​ယောက်​က ဝင်​လာပြီး..

"လူ​လေး သူကဘယ်​သူ့ကိုမှစကားမ​ပြောတတ်​လို့ပါကွယ်​ သားဖာသာတစ်​​ယောက်​ထဲ​နေပါ​နော်​"

"အာ ဟုတ်​ ဟုတ်​ ​တောင်းပန်​ပါတယ်​"

ထို့သို့​ပြောပြီး​နောက်​ ကိုယ့်​ဘာသာ စာကျက်​စရာရှိတာကျက်​ရ​​တော့၏။ဘယ်​လိုတုန်းမသိ မြန်​မာနိုင်​ငံလာပြီး
ကိုရီးယားဆန်​​နေတယ်​ အ​စောင့်​​တွေ​ဘာ​တွေနဲ့ "ဟွန့်​"ဆိုကာ လ​ရောင်​မ​ကျေမနပ်​နှာ​ခေါင်းရှုံ့လိုက်​သည်​။

ခဏကြာ​တော့ ဆရာမက အစည်းအ​ဝေးက​နေ ပြန်​လာပြီး
ကျောင်းသားသစ်​​ပြောင်းလာသည့်အကြောင်း မိတ်​ဆက်
ပေးပါသည်​။

"သားတို့သမီးတို့​ ​နောက်​ဆုံးတန်းမှာထိုင်​​နေတယ့်
သား​လေးနာမည်​ကစိုင်းတိမ်​ယံလင်းတဲ့ စာ​တွေမသိတာ
တွေသူ​မေးရင်​​ဖြေ​ပေးလိုက်​ကျပါ​နော်​"

စိုင်းတိမ်​ယံလင်းတဲ့လား။သူ​ဝတ်​စားသည့်​ပုံစံကို ဆရာမကဘာမှမ​ပြောသည်​​ကြောင့်​​ လ​ရောင်​အံ့သြမိသည်​။
ယောကျာင်္း​လေးများ​ ကျောင်းအဖြူအင်္ကျီမှ ကြယ်​သီးကိုရင်​ဘက်​နားထိ ဖြုတ်​ထားသည်​ကိုမြင်​လျှင်​ပင်​ လာဦးဟု
ခေါ်ကာ ပြင်​ခိုင်းသည့်​ဆရာမသည်​ သူ့ကျ​တော့
ဘာမှမ​ပြော။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now