"ဆရာမ သားသားကျန်​​သေးတယ်​ ပိတ်​ပါနဲ့ဦး ဟီးဟီး"

ဂိတ်​​စောင့်​ဆရာမအား ချစ်​စရာ​ကောင်း​သော
သွားညီညီတန်းတန်း​လေး​နှင့်​သွားတက်​​လေး​ပေါ်​အောင်
အထိ လ​ရောင်​ပြုံးပြလိုက်​သည်​။ပါးချိုင့်​​လေးကအစစ်​ပါ​သေး၏။

"​နောက်​ကျတယ်​​နော်​သားသား..မြန်​မြန်​သွားဆရာမကြီးသိရင်​​ခေါ်ဆူ​နေလိမ့်​မယ်​"

"ဟုတ်​ကဲ့ဆရာမ"

စက်​ဘီးကို​ကျောင်းကသတ်​မှတ်​ထားသည့်​​နေရာတွင်
ထားကာ အတန်းရှိသည့်​ စိန်​မြင့်​မိုရ်​အ​ဆောင်​ဒုတိယထပ်​ကို​ ​ပြေးတက်​ရပြန်​သည်​။အတန်းထဲ​ရောက်​​တော့
ဘုရားပင်​ရှိခိုး​ကြ​နေပြီ။ကိုယ်​ထိုင်​​နေကျ​နေရာဖြစ်​သည့်
နောက်​ဆုံးတန်းကို ​ခြေသံလုံလုံဖြင့်​သွား​တော
့တစ်​​ယောက်​ထဲပဲ ထိုင်​​နေကျ​​နေရာတွင်​​ ​နောက်​ထပ်​​ကျောင်းသားတစ်​​ယောက်​ ထိုင်​​နေသည်​။နေရာမှာ ဝင်​ထိုင်​လိုက်​ပြီး​ ​ဘေးကလူကိုကြည့်​မိ​တော့ ဘုရားလိုက်​မရှိခိုးဘဲ
ကျောက်​သင်​ပုန်းကိုသာ​ ငေးစိုက်​ကြည့်​​နေသည်​။အယ်​ ထူးခြားသည်​သူ့ပုံစုံက​ ကျောင်းထဲ​ရောက်​တာ​တောင်
မက်​စ်​တပ်​ထား​သေးသည်​။ပြီး​တော့ ဒီ​လောက်​ပူ​လောင်​လှသည့်​​ နွေရာသီတွင်​ လက်​ရှည်​အင်္ကျီကိုလည်း
ဝတ်​ထားကာ လက်​အိတ်​ကိုလည်း စွတ်​ထား​သေးသည်​။ထူးဆန်းသလို ကြည့်​လိုက်​ပြီးမှ ဘာသာခြားဟု
မှတ်​လိုက်​ပြီး​ ရောက်​သည့်​​နေရာမှ ဘုရားစာ လိုက်​ရွတ်​ရှိခိုးရ၏။

ဘုရားရှိခိုးပြီး​နောက်​ ဆရာမကြီးက အစည်းအ​ဝေးဟုဆို
သည်​​ကြောင့်​ အတန်းပိုင်​ဆရာမ​သည်​ ကျက်​စရာများကို​ပေးထားခဲ့ကာ ပြန်​လာလျှင်​​မေးမည်​ဟုဆိုပြီး​ ပြောသွားခဲ့သည်​။လ​ရောင်​လည်း အခွင့်​အ​ရေးရသည်​မို့ ထိုထူဆန်းသည့်​အတန်း​ဖော်​ဘက်​ကိုလှည့်​ကာ.

"မင်းက ခုမှ​ကျောင်း​ပြောင်းလာတာလား​။
ကျောင်းဖွင့်​တာ သုံးလ​တောင်​​ကျော်​ပြီကို။၉တန်းက
ကျောင်းစစ်​မို့ အ​ရေးမကြီးဘူးဆို​ပေမယ့်​ ၁၀တန်းရဲ့
အ​ခြေခံမို့​ ​ပေါ့လို့မရဘူး​နော်​.င့ါနာမည်​က​နေလ​ရောင်​..
မင်း​ကော"

You're my everything(Zaw and Uni) (Completed)Where stories live. Discover now