beautiful ending...

9.4K 487 101
                                    

(The Way To Say Goodbye -Lim HanByul)

______________________

*ခွမ်း*

တစုံတခု ကျကွဲသံကြောင့် Chanyeol necktie
စည်းနေရာက ပြေးဆင်းလာခဲ့သည်။

"Baby !!! ..."

ကွဲကျသွားသော ပန်းကန်ရှေ့မှာ ငုတ်တုတ်ကလေး
ထိုင်နေပြီး မော့ကြည့်လာပုံက အဆူခံရမှာကြောက်
နေသည့် ကလေးတယောက်လို...

Chanyeol ကပဲ သက်ပြင်းချပြီး အနားသွားကာ ပွေ့ချီ မ ခဲ့ရသည်။

"ဆိုးလိုက်တာကွာ...မောင်
ဘယ်လောက်လန့်သွားတယ်ထင်လဲ"

တယောက် ကို တယောက် သိပ်ချစ်မိတဲ့အခါ
သူသာ တခုခုဖြစ်ရင် သေလောက်အောင်
နာကျင်ရမှာ ကိုယ်ပင် ။

Sofa ပေါ်ထိုင်ခိုင်းပြီး အပူပေးထားသော
ရေနွေးနွေးလေးအား လက်ထဲထည့်ပေးခဲ့ရသေး
သည်။

"ရေနွေးနွေးလေး သောက်ပြီး ထိုင်နေပါတော့နော်
မောင် စိတ်ပူတာ သိရဲ့သားနဲ့....
တော်သေးတာပေါ့ ဘာမှမဖြစ်လို့"

စိုးရိမ်စိတ်နဲ့ ဆူတော့ နှုတ်ခမ်းလေးက
စူထွက်လာပြီး ရင်ခွင်ထဲတိုးဝင်သည်။

သူ့ကိုမဆူ ပါနဲ့ ဆိုတဲ့ သဘော....။

"ဟင့် ဒီနေ့ အပြင်သွားမလို့ကို..."

Chanyeol မျက်မှောင်ကျုံ့သွားသည်။
ဒီနေ့ ရုံးဖွင့်ရက်ဖြစ်တာကြောင့် ပုံမှန်ဆို
Baekhyun က ဒီလိုနေ့တွေအပြင်မထွက်။

ဘယ်သွားမှာလဲ? ဘယ်သူနဲ့ တွေ့မှာလဲ?
ဘာလုပ်စရာရှိလို့လဲ? အဲ့လူက ဘယ်သူလဲ?
ဘယ်လောက်ထိရင်းနှီးနေလို့လဲ?

စသော မေးခွန်းတွေ Chanyeol ခေါင်းထဲဝင်
လာသည်။ မတော်လို့များ ဖမ်းသွားတာတို့
ဘာတို့များ ဖြစ်လာရင် Park Chanyeol တို့
ရင်ကျိုးရချည်ရဲ့။

"ဘယ်အပြင်ကို သွားမှာလဲ မောင်မရှိပဲနဲ့...
ဘယ်သူနဲ့ တွေ့ဖို့လဲ"

ရင်ခွင်ထဲက ကိုယ်လေးကို ထုတ်ကာ
မျက်နှာချင်းဆိုင်မေးတော့ ခေါင်းလေးငုံ့သွားသည်။

"ပြန်လာရင်ပြောပြမယ်လေ နော်...
မဟုတ်တာမလုပ်ပါဘူး...စောစောလဲ
ပြန်လာမယ်လေနော်"

Mistake {Completed}Where stories live. Discover now