Gentle miss

6.7K 483 18
                                    

"baekhyunee မောင်သွားပြီ"

အပေါ်ထပ်က အမောတကောပြေးဆင်းလာသော ပုစိလေးကို ရပ်ကြည့်နေမိသေးသည်။ လှေကားရင်းရောက်မှ ခလုပ်တိုက်မလိုဖြစ်တော့ လျှာလေးထုတ်ပြကာ အနားရောက်လာသည်။

"မောင် ဒါလေး ယူသွား"

လက်ထဲရောက်လာသော အသည်းပုံချိုချဉ်လေး...

"ဒါလေးတွေ ဝယ်စားနေတယ်ဟုတ်လား? 
မောင့် baekhyunee က ကလေးလား?"

ခေါင်းကိုပုတ်ကာပြောတော့ တခစ်ခစ်နဲ့သဘောကျနေသည်။

"မောင်ကလဲ မောင့်နေရက်တိုင်း sweet နေ
အောင်လို့လေ "

မျက်ခုံးအသာပင့်ကာ ပြောနေသော ပုစိလေးကို
ကြည့်လေ ကိုက်ချင်လေ.... အသဲယားလို့ အတင်းဖက်ကာ ပါးတဖက်ကိုနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်သည်။

"မောင်သွားပြီ ညနေကျရင်strawberry cake ဝယ်ခဲ့မယ်"

"အင်း အင်း"

ခေါင်းကိုခပ်ဆက်ဆက်ငြိမ့်ပြလာတာကြောင့် နူးညံ့တဲ့ ဆံနွယ်လေးတွေက ယိမ်းလို့....
ဆက်ကြည့်မနေတော့ပဲ ကားပေါ်တက်ခဲ့တော့သည်။

မဟုတ်ရင် ဒီနေ့ ရုံးတက်ရမှာမဟုတ်တော့ဘူး...

ရုံးခန်းထဲရောက်တော့ အပေါ်အင်္ကျီကို ချွတ်ပြီး ခုံမှထိုင်တုန်း Kai က မျက်မှောင်ကြုံ့ကာမေးသည်။

"မနေ့က ဘယ်တွေဖြစ်လို့လဲ ဧည့်သည်က မနက်က မကျေမနပ်နဲ့ စာချုပ်ကိုစဉ်းစားဦးမယ်ပြောတယ်"

"sorry ကွာ ငါစိတ်လွတ်သွားလို့"

မျက်နှာကိုလက်နှစ်ဖက်နဲ့ပွတ်ကာ ခုံပေါ်ခေါင်းမှီထားလိုက်သည်။ ဒူးပေါ် လာရိုက်သော Kai လက်ကြောင့် လူက ခေါင်းထောင်လျက်သား.....

"ဘာဖြစ်ခဲ့တာလဲ ငါတို့ကိုပြောပြဦးလေကွာ"

"အေးလေ မင်းပြောမှသိမှာပေါ့ "

ပုံစံကိုပြင်ထိုင်လိုက်ပြီး ခေါင်းကိုကုတ်ကာ ပြောဖို့အားယူလိုက်သည်။ရှေ့က ၂ကောင်ကတော့ ကိုယ် စကားပြောမယ်ဆို အမြဲအားတက်သရောပဲ....

အတွေးနဲ့အတူ သဘောကျစွာပြုံးမိတော့

"ဟာ ဒီကောင်တော့!!! "

Mistake {Completed}حيث تعيش القصص. اكتشف الآن