ဖွဲဖွဲသာ ကျနေသော မိုးစက်တွေကို ပြတင်းပေါက်
မှန်ပြင်က ငေးကြည့်နေမိသည်။လမ်းမဆိုတာတောင် မမြင်ရလောက်အောင် ဒီအိမ်က ကျယ်ဝန်းသည်။
အထီးကျန်တယ်ဆိုတာ မပြောသင့်တဲ့ စကားလုံးလို့ မောင့်ပါးစပ်က အမြဲပြောသည်။
ဟုတ်ပါတယ် မောင်ရှိနေရက်နဲ့ အထီးမကျန်သင့်ဘူးလေ။ အတွေးနဲ့အတူ နှလုံးသားက နင့်ခနဲ ။
ခြံထဲဝင်လာတဲ့ မောင့် ကားကိုတွေ့တာနဲ့ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်မိသည်။
မောင့်အင်္ကျီ အပွကြီးနဲ့ ဘောင်းဘီတိုလေး သာ
ဝတ်ထားပေမယ့် အဆင်ပြေသည်။အခန်းထဲကို လှည့်ပတ်ကြည့်မိသည် တခုခုများ
ဖြစ်ထားသေးလား။ကိုယ်ကဘာမှမလုပ်ပေမယ့်
မောင်က အရမ်း သတိရှိသည်။သိချင်တာကို ရွဲ့ကာ မေးသော မောင့် ပုံစံ ကို သဘောမကျတာကြောင့် အပြစ်မရှိအောင် နေချင်သည်။အကုန်အဆင်ပြေနေမှ စိတ်ချနိုင်တော့သည်။
"Baekhyunee"
တံခါးဖွင့်ကာ အခန်းထဲကို ဝင်လာသော မောင့်ကို
ပြုံးကာကြည့်ပြီး အနက်ရောင် suit ကို ကူချွတ်ပေးလိုက်သည်။အောက် အင်္ကျီအဖြူပေါ်က ကြယ်သီးတွေကို ထိတွေ့မိတုန်း လက်ကိုလာဆုတ်ကိုင်သည်။
"Baekhyunee... ပါးပြင်ပေါ်မှာ မျက်ရည်တွေ"
ပြောပြီး တဖက်လှည့်ကာ သူ့အင်္ကျီ သူ့ဟာသူ
ပြန်ချွတ်နေသည်။အရာအားလုံးအဆင်ပြေနေမှ ပါးပြင်ပေါ်ကမျက်ရည်တွေက အပြစ်ဖြစ်ရပြန်ပြီ။
မောင်နဲ့ အဆင်ပြေပြေနေနိုင်ဖို့
တရက်လောက်ပဲကူညီကြစမ်းပါ......"မောင်"
"ထပ်ပြီး မဟုတ်တဲ့ အတွေးတွေ ဝင်နေပြန်ပြီလား
Baekhyunee!!""မဟုတ်ဖူး မောင်.....ကိုယ်.....ကိုယ်တွေ့လိုက်တယ်... ကိုယ့် Mail ထဲမှာ"
"မောင် လို့ထင်နေတာလား.......မင်း က မောင့်ကို
တောင် မယုံတော့ဘူးလား ဟမ် Baekhyunee!"မောင့်ကိုလဲ ယုံချင်တယ်.....ကိုယ်တိုင်မြင်ခဲ့ရတဲ့
ကိုယ့်မျက်လုံးတွေကိုလဲလျစ်လျူမရှု့နိုင်ဘူး မောင်။
YOU ARE READING
Mistake {Completed}
Romanceလူတိုင်းမှားခွင့်ရှိတယ် ဒါပေမယ့် . . . . . . . အကန့်အသတ်လဲရှိတယ်.... လူတိုင်းမှားခွင့်ရှိတယ် ဒါပေမယ့် . . . . . . . အကန့်အသတ်လဲရှိတယ်....