Lucky boy ?

4.5K 465 8
                                    

"Baby ကိုယ် အဲ့အကြောင်းတွေ
တခုမှ မသိခဲ့ရဘူး.... Park Chanyeol
အကြောင်းပြောမထွက်ရင်တောင် Baekhyun
က မင်းညီလေးဆိုတာ ကိုယ် သိသင့်တာပေါ့
ကလေး..."

Yifan စိတ်ဆိုးသည်မဟုတ်....
စိတ်မကောင်းစွာ ခပ်တိုးတိုးဆိုသည်။

Suho Yifanရှေ့ ဒူးထောက်ချလိုက်သည်။
Yifan လက်ကို သူ့လက်နှစ်ဖက်နဲ့ဆုတ်ကိုင်ပြီး

"တောင်းပန်ပါတယ်....ကျွန်တော်...
ကျွန်တော် ကြောက်ခဲ့တာ....Chanyeol
အကြောင်းပြောမထွက်ခဲ့လို့ ဟင့်အင်း ကျွန်တော်
အကုန်လုံးကို ဖုံးကွယ်ထားခဲ့မိလို့ ကျွန်တော်
အပြစ်ခံယူပါမယ်....ဒါပေမယ့်....
ကျွန်တော့ကို မထားခဲ့ပါနဲ့နော်...."

Yifan မျက်ခုံးများတွန့်ချိုးသွားသည်။
ထားခဲ့မယ်လို့ ဘယ်လိုတွေးလိုက်ပြန်တာလဲ.....

"သေချာပေါက်ကိုယ် အပြစ်ပေးမှာ.....
ဘာကြီးဖြစ်ဖြစ်မင်းခံယူရမယ် Baby...."

Suho ခေါင်းကိုခပ်ဆက်ဆက်ငြိမ့်ပြသည်။
Yifan ကအောက်မှာထိုင်နေသော Suho ရှေ့
ငုံ့မိုးလာတာမို့ Suho ယောင်ပြီးကိုယ်ကိုအနောက်
ဆုတ်လိုက်သည်။

"ခင်များလေးလဲ တချိန်ကဆိုးခဲ့ မိုက်ခဲ့တာပဲ"

နှုတ်ခမ်းတဖက်ကို ကော့တက်သွားအောင်
Yifan ပြုံးပြီး Suho ရှေ့က ထကာ ရေချိုးခန်း
ထဲဝင်သွားသည်။

ခုန်ပေါက်နေသောရင်ဘက်ပေါ် Suho
လက်နဲ့ဖိကာ သက်ပြင်းအသာချသည်။

"ဆူမယ်ထင်နေတာ....အဲ့အပြုံးကြီး...
အမလေး လန့်လိုက်တာ...."

Suho ပုခုံးကိုတုန်ကာ ကြက်သီးထသလိုလုပ်ပြီး
ထွက်လာခဲ့တော့သည်။

တီ တီ တီ ဆိုသော ဖုန်းဝင်သံသည်
သူ့အတွက် ဘာလို့ အထိတ်တလန့်ဖြစ်စေသလဲ....

"ကိုင်ပါ့မလား....ph တွေဘာတွေများပျောက်သွား
တာလား...ဒါမှမဟုတ် မှားများမှား__"

တုန်လှုပ်နေသော Suho ကို
Yifan ပုခုံးနှစ်ဖက်ကနေ
ကိုင်ကာ လှုပ်ရမ်းလိုက်သည်။

"ဘာလိုဖြစ်နေတာလဲ...ကလေး
Baekhyun က ဒီph ပဲကိုင်တာ
ကိုင်မဲ့သူမရှိသေးလို့ မကိုင်တာကို
ဘာလို့အဲ့လောက်တုန်လှုပ်နေသလဲ...."

Mistake {Completed}Where stories live. Discover now