Mistake 1

5.1K 428 26
                                    

Chanyeol နိုးလာတော့  ခေါင်းကမိုက်ခနဲ ဖြစ်သွားတာကြောင့် မျက်စိမဖွင့်ပဲ ဘေးစားပွဲပေါ်က
ရေခွက်ကို လှမ်းယူသော်လည်း ဘာမှရှိမနေ။

စိတ်ညစ်ညစ်နဲ့ မျက်လုံးကို အားယူဖွင့်ပြီး
ထထိုင်လိုက်သည်။

"Baekhyun ah...ရေ..."

ထွက်လာသော အသံက အိပ်ခန်းထဲက
လူတောင်ကြားမည်မထင်တာကြောင့် သူ
သက်ပြင်းချလိုက်သည်။

စောင်ကိုဖယ်ပြီး အောက်ဆင်းမယ်လုပ်မှ ခါးတဝိုက် မှာ ရစ်ပတ်နေသော လက်တစုံ ကိုမြင်တော့
သူ့မျက်လုံးတွေ ပြာသွားသည်။

မိန်းမတယောက်ရဲ့ လက်...ဘေးကို ကြည့်တော့
လဲ ကိုယ်တခါမှ မမြင်ဖူးတဲ့ မိန်းမတယောက်...

ငါ ဘာတွေလုပ်ခဲ့တာလဲ!!

အိပ်ခန်းကို လှည့်ပတ်ကြည့်တော့လဲ ကိုယ်မသိ
သောစိမ်းသက်သက်နေရာ....

ဒါ....ဒါဆို ညက အိမ်မပြန်ဘူးပေါ့....shittt!!

ပွယောင်းယောင်းဆံပင်ကို အတင်းကုတ်ဆွဲပြီး
မျက်နှာကို လက်နဲ့သာပွတ်နေမိသည်။

ခါးပေါ်က လက်ကို ခပ်ဝေးဝေး ဖယ်ပစ်ပြီး အိပ်ယာက ထလာတော့ ခန္ဓာကိုယ်က အဝတ်လွတ်နေ
ပြန်သည်။

Chanyeol အတော်စိတ်တိုလာတာကြောင့်
နှုတ်ခမ်းကိုဖိကိုက်ပြီး သက်ပြင်းချလိုက်သည်။

အဝတ်မြန်မြန်ဝတ်ပြီး ကုတင်ပေါ်က တယောက်ကို
လှမ်းကြည့်မိသေးသည်။

Ph ကိုထုတ်ကြည့်တော့ power ပိတ်နေသည်မို့
အမြန်ဖွင့်ကာ Chen ဆီ ms ပို့ပြီး
ထွက်ခဲ့တော့သည်။

// အဲ့တယောက်ကို မင်းကြည့်ရှင်းလိုက်တော့ //

ကားပေါ် အမြန်တက်ပြီး မှန်ထဲ ပြန်ကြည့်ရသေး
သည်။

အရမ်းသိသာနေသလား အဆင်ပြေရဲ့လား
ဘာဖြစ်ဖြစ်ကွာ....သိလဲ သိပေါ့.....

Tong*

Ms ဝင်လာသော ph ကြောင့် Chanyeol
ph ကိုကောက်ကိုင်ပြီး ထိုင်ခုံကို မှီလိုက်သည်။

အား တစ်ကိုယ်လုံးကို ကိုက်ခဲနေတာပဲ....

// yaa...ညက ဘာလို့ ph မကိုင်တာလဲ
အဲ့တယောက်နဲ့ မင်းနဲ့ပုံတွေ ရုံးကိုရောက်နေတယ်//

Mistake {Completed}Where stories live. Discover now