Love me?

7.5K 576 31
                                    

ရေးတုန်းကတော့ ZiA ရဲ့ I Know သီချင်းလေးနဲ့နားထောင်ပြီးရေးဖြစ်တာ အဆင်ပြေရင် အဲ့တာ
လေးနဲ့ နားထောင်ပေးနော် 😁❤

Start **

လေးပင်စွာ မျက်လုံးတွေ မဖွင့်ချင်ပဲပွင့်လာတော့
မောင်က ကုတင်ပေါ်မှာ ခေါင်းတင်ပြီး မှေးနေ
သည်။ အရမ်းလန့်သွားမှာပဲ.....

ဘေးတစောင်းမြင်နေရသော မောင့်မျက်နှာကို
အမြတ်တနိုးငေးကြည့်နေမိသည်။
ကျယ်ပြန့်သော နှဖူးနဲ့ အပြစ်နာစာ မရှိသော မောင့်
မျက်နှာသည် အမြဲကြည့်ကောင်းနေသည်။

မောင့်ဘက် အသာလှည့်ပြီး နားထင်က ဆံနွယ်
လေးတွေ အသာပွတ်ပေးမိတော့ မောင် နိုးလာ
သည်။
မရည်ရွယ်ပါဘူးမောင်ရယ်....

"Miyan မောင်နိုးသွားရပြီ "

မောင်က ခေါင်းကို အသာငြိမ့်ပြပြီး နှဖူးထက်
လက်လာတင်သည်။

"အဖျားကျသွားပြီ...၂ရက်လောက်တော့
နားလိုက်ဦး"

"ရပါတယ် မောင်ရဲ့"

"Baekhyunee....မောင် စိတ်တိုနေတယ် မောင့်ကိုအပိုစကားတွေမပြောနဲ့"

အနည်းငယ်မာလာတဲ့ အသံကြောင့် ကိုယ်လန့်သွားသည်။

မောင် မောင် စိတ်တိုနေတယ်တဲ့လား...

နေမကောင်းတဲ့ သူကို ဒီလိုပြောတဲ့ မောင့်ကို စိတ်မဆိုးနိုင်ပါ။ စိတ်ဆိုးနေမိသည်က မောင့်ကို စိတ်တိုစေတဲ့ သူကိုသာ....

"မောင် ဘာဖြစ်နေတာလဲ ကိုယ့်ကိုပြောလေ
မောင်ဘယ်သူ့ကိုစိတ်တိုနေတာလဲ"

မောင်က မကျေနပ်သလို တချက်ကြည့်ပြီး ....

"ဘယ်သူကမှာလဲ Bone Soon ပေါ့!!!"

အိမ်က ကျွန်တော် ခန့်ထားတဲ့အိမ်အကူမိန်းကလေး. သူက မောင့်ကို ဘယ်လို ကြောင့်များစိတ်တိုစေတာလဲ ဒီမိန်းကလေးကတော့....

စိတ်ထဲက မကျေမနပ် ဖြစ်မိသည်။
ကိုယ်မရှိချိန်ခနလေးကို Bone Soon ဘာလုပ်ပြန် တာလဲ....

"Bone Soon အဲ့ကောင်မလေး ဘာလုပ်လို့လဲ
မောင်.... ကိုယ့်ကိုပြော ကိုယ်အပြစ်ပေးမယ် ရာရာစစ မောင် စိတ်တိုင်းမကျအောင်
သူဘာလုပ်တာလဲ မောင်? "

Mistake {Completed}Where stories live. Discover now