Love is...

4.9K 482 23
                                    

(EXO - Ooh la la la)

__________________________

Baekhyun မနက်စာစားချိန်ထဲက အိမ်ပေါက်ကို
လှမ်းလှမ်းကြည့်နေသော Chanyeol ကို
သတိထားမိတာ အတော်ကြာပြီ။
အခုလဲ စားလို့ပြီးတော့ အပေါက်မှာ
သွားရပ်နေပြန်ပြီ။

"မောင်..."

"ဟင် လာဒီမှာထိုင် Baekhyunee"

Baekhyun ကို သူ့ဘေးမှာ အတင်းဆွဲခေါ်
ထိုင်ခိုင်းပြီးအပေါက်ကို ပြန်လှမ်းကြည့်နေတာ
ကြောင့် Baekhyun စိတ်မရှည်တော့။

"မောင် ဘာတွေကြည့်နေတာလဲ အဲ့အပြင်ကို....
ခုနက မနက်စာစားထဲက အဲ့လိုဖြစ်နေတာ.."

Chanyeol က ခေါင်းစောင်းပြီးလှည့်ကြည့်ကာ
အင်မတန်အားနာသွားပုံ...။

"အော် မောင်က တမင်ရိပ်မိအောင်လုပ်လိုက်
မိတာလား Delievery လာပို့မှာကို စောင့်နေတာပါ...ဒီနေ့စောစောလာပို့ဖို့ပြောထားတာကို"

Baekhyun ခေါင်းကို အသာပွတ်ရင်း ပြောသည့် Chanyeol ပုံစံသည် အင်မတန်
ထိုပစ္စည်းကိုစိတ်ပူနေပုံ။

"ဘာကြီးမို့လို့လဲ ဟင် "

Chanyeol က သူ့ဘက်လှည့်ပြီး ပါးချိုင့်ကြီးပေါ်
အောင်ပြုံးပြသည်။

"ဟော် လာပြီထင်တယ်"

Chanyeol အပြင်ထွက်သွားတော့ Baekhyun
အထဲကပဲစောင့်နေလိုက်သည်။
Chanyeol က ခပ်ပြုံးပြုံးပြန်ဝင်လာပြီး
baekhyun ကို လှမ်းဖက်ကာ ခပ်တိုးတိုး
ပြောသည်။

"Date လုပ်ရအောင်"

Baekhyun ရင်တွေခုန်လာသည်။
အတော်မြန်လာတာမို့ ရင်ခြင်းကပ်ထားတဲ့ Chanyeol ကြားသွားမှာတောင် စိုးရိမ်ရသည်။

"Baekhyunee ရင်တွေခုန်နေတယ်..?"

Chanyeol Baekhyun မျက်နှာလေးကို
အုပ်ကိုင်ပြီးပါးကိုညှစ်လိုက်တော့ စူထွက်လာတဲ့
နှုတ်ခမ်း ကိုအသဲတယားကြည့်ပြီး ခပ်ကြာကြာ
ထိကပ်ထားလိုက်သည်။

" သွား ရေချိုးတော့...."

Chanyeol လှည့်ထွက်တော့ Baekhyun က
သူ့လက်ကို အမြန်လှမ်းဆွဲလိုက်သည်။
Chanyeol လှည့်ကြည့်ပြန်တော့
မျက်လုံးပြူးပြူးလေးနဲ့ ပြောရမှာကြောက်နေသလို.....။

Mistake {Completed}Where stories live. Discover now