Can't understand

5.1K 422 15
                                    

ပူပူလောင်လောင် ရာသီမှာ မေပယ်ရွက်ခြောက်
တွေ ကြွေကျနေတဲ့ ကိုယ် တို့ ခြံလေးကတော့
ထူးဆန်းစွာပင် အအေးဓာတ်ရနေသည်။

ဆောင်း.....ဘာလိုလိုနဲ့ ဆောင်း တာင် ကုန်ခဲ့ပြီ။

ကုန်ဆုံးခဲ့တဲ့ ရက်တွေကတော့ကိုယ် အတွက်
အင်မတန်ပျော်ရွှင်စရာ အချိန်တွေပါပဲ။

ဒါက Diary စာအုပ်ထဲ ကိုယ် ချရေးခဲ့တဲ့ စကားလုံးတွေပါ။ ကိုယ် အရင်က အဲ့လိုရေးတတ်တဲ့
သူမဟုတ်ခဲ့ဘူး။  သိုပေမယ့် တချိန်ကျရင် ပြန်ခံစား
ချင်တဲ့ စိတ်နဲ့ ဒီလိုတွေ ရေးနေမိသလား ပဲ။

Ball pen လေးနဲ့ နှဖူးကို တောက်ပြီး
Baekhyun ရှက်ပြုံးပြုံးလိုက်သည်။

နောက်က မေပယ်ပင်ကိုကျောမှီချလိုက်ရင်း
မျက်လုံးလေးကို မှိတ်လိုက်သည်။

ပါးပြင်ပေါ်သို့ စိုစွတ်သော အရာတခုကြောင့်
သူမျက်မှောင် ကြုံ့လိုက်သည်။
အိပ်ပျော်သွားခါစမို့ မျက်လုံးတွေက မဖွင့်ချင်
ဖွင့်ချင်ဖြင့် ဘေးသို့ကြည့်လိုက်သည် ။

အမြင်လွှာကို မဲမဲကြီးသာ ဖုံးလွှမ်းထားပြီး မျက်လုံးတလုံးထဲသာ ပါရှိနေသည်။ Baekhyun လန့်ပြီး
အော်ကာ အနောက်သို့ ဆုပ်လိုက်သည်။

အော် သေချာကြည့်မှ ကိုယ် တို့ Anniversary
တုန်းက မောင် ဝယ်ပေးတဲ့ ခွေးမည်းမည်းလေး Toben။
သက်ပြင်းကို အသာချရင်း Toben ကို ပိုက်ကာ
မြက်ခင်းပေါ် ပြန်လှဲချအိပ်လိုက်သည်။

လှုပ်လှုပ်ရှားရှား ဖြစ်လာသော ခန္ဓာကိုယ်​ ကြောင့်
မျက်လုံးဖွင့်ကြည့်မိတော့ မည်းမည်းကြီးသာ
မြင်နေရပြန်သည်။

ဟာ ဒါကရောထပ်ပြီး ဘာကြီးလဲ.....

တဖက်ကိုလှည့်ဟန်ပြင်လိုက်မှ.....

"နိုးသွားပြီလား....မလှုပ်နဲ့ဦး "

Oh my god!!!!!

ကိုယ်က အခု မောင့်လက်ပေါ်မှာ ပွေ့ချီခံထားရတဲ့
အခြေအနေပေါ့။ဘယ်လောက်ကြာအောင်အိပ်
ပျော်သွားလို့ မောင်ပြန်လာတာတောင် မသိရတာလဲ။အခုမှ ပြန်လာတဲ့ မောင့်ကို အလကား
ပင်ပန်းစေပြီ။

"မောင် ချလိုက်ပါလား ကိုယ့်ဟာကိုယ် တက်ပါ့မယ်"

"ခြံဝထဲက အဲ့လိုပြောပေးရင်ကောင်းမှာပဲ အခုတော့
ဘယ်လောက်မှမလိုတော့ဘူး အခန်းတံခါးတောင်
မြင်နေရပြီ ဆက်အိပ်ချင်အိပ်"

Mistake {Completed}Wo Geschichten leben. Entdecke jetzt