Falling in love

8.6K 679 26
                                    

* ဒေါက် ဒေါက်*

"ညစာစားမယ် Baekhyunee"

ထမင်းပန်းကန်တွေသယ်လာတဲ့ ဗန်းကို ခုံပေါ်ချပြီး
လက်နှစ်ဖက်ကို ပေါင်းချည်ထားတဲ့သံကြိုးတွေကို တဖက်စီမှာ မောင်က ပြောင်းချည်နေသည်။

ပန်းကန်တွေကို ရှေ့မှာ အသာချနေသော မောင့်လက်တွေကို ငေးကြည့်နေမိသည်။

အဲ့လက်တွေကို မကိုင်ရတာ ဘယ်လောက်ကြာပြီလဲ....

ပါတီ....အဲ့ပါတီက ပြန်လာထဲက ဒီအခန်းထဲမှာ ဒီလို သံကြိုးတွေနဲ့ ချည်ထားခံရတာ
မောင်နဲ့လဲ မတွေ့ရဘူး... ထမင်းစားချိန်မှမောင်က
ရောက်လာတတ်သည်။
မေးတိုင်းလဲ မောင့်ဆီမှာ အဖြေဆိုတာမရှိ။

"စားလို့ ရပြီ Baekhyunee..."

ပြောပြီး သွားဖို့ပြင်နေသော မောင့်လက်တွေကို ဆုတ်ကိုင်လိုက်မိသည်။ လွမ်းနေတာ....အရမ်းလွမ်းနေခဲ့တာ...

"မောင် ကိုယ့်ကိုဘာလို့ ဒီလိုတွေလုပ်ထားတာလဲ? "

"မပူပါနဲ့ ၂ရက်ပဲကျန်ပါတော့တယ် "

"ဟင်.... ဘာကိုလဲ မောင်"

မောင့် ကိုစချစ်ခဲ့ထဲက မောင့်ရဲ့ surprise တွေ
ကြားထဲမှာ အမြဲ ရင်တထိတ်ထိတ်ဖြစ်နေခဲ့ရသည်။
မောင့်ရဲ့ surprise က ကောင်းခြင်းလား မကောင်းခြင်းလား ကိုယ်မသိ.... ဒါပေမယ့် မောင်ပေးတဲ့ Surprise တိုင်းကို ရူးရူးမိုက်မိုက်နာခံခဲ့သည် အခုအချိန်ထိ။

အခုလဲ ဘာမှန်းမသိသော surprise ခြင်းကိုခံနေရသည်။

ကိုယ်ဆုတ်ကိုင်မိထားသော သူ့လက်တွေကို ဖြုတ်ချရင်း မောင်ထွက်သွားသည်။

မောင်ဘာတွေလုပ်နေလဲ မသိပေမယ့် ကိုယ်သိတာတစ်ခုကလဲ မောင့်ကို အချိန်ပြည့်လွမ်းနေတာပဲ...
မောင့်အနားမှာနေခွင့်ရတဲ့ အချိန်တွေကို ရူးမတတ် လွမ်းသည်။ ညတိုင်း မောင့် ရင်ခွင်ထဲ ကလေးတ
ယောက်လို အေးအေးချမ်းချမ်းအိပ်စက်ချင်သည်။

ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း အားငယ်လာသည်။အခုများတော့ မောင်အငွေ့အသက် တွေမရှိတဲ့နေရာမှာ တယောက်ထဲ ကြောက်လန့် စွာနေနေရသည်။ အလင်းရောင်မရှိ အပေါက်ဆိုလျှင် ပန်ကာလည်နေသော အပေါက်တပေါက်သာရှိသည်။

Mistake {Completed}Where stories live. Discover now