Our's

5.5K 410 11
                                    

အပင်တွေ ရေလောင်းပြီး တနေကုန် အပေါ်မှာပဲ
အချိန်ကုန်နေတဲ့ မောင့်ကို လာကြည့်တော့ မောင်က shirt အဖြူ ကို ကြယ်သီးတောင် တပ်နေပြီ။

မောင်က ဘယ်လဲ?

"မောင် ဘယ်သွားမလို့လဲ? "

"အော် မောင်.... ဟိုဟာ ကိစ္စရှိလို့...."

မောင် ပုံစံ သိပ်တော့ မူမမှန်ပေမယ့် မောင့်ကိုဆို
ယုံကြည်ချင်တဲ့ ကိုယ်စိတ်ကို ဒီတခါလဲ အလိုလိုက်
ခဲ့ပြန်သည်။

"မောင် ကိုယ်ညစာ ချက်ပေးမယ်
ဘာစားချင်လဲ...."

မောင်က ခါးပတ်ဝတ်ရင်း နောက်ကို
တချက်လှည့်ကြည့်ကာ

" မချက်နဲ့တော့ Dinner လိုက်ကျွေးမှာဆိုတော့
  မောင် နောက်ကျမယ်ထင်တယ် အိပ်နှင့်နော် "

"မောင်.... ကိုယ်___ ဟူး "

ပြောပြီး ဆင်းသွားတာကြောင့် Baekhyun မှာ
ဘာမှပြောချိန်ပင်မရလိုက် ။

11:00

အိမ်နဲ့အတော်ဝေးတဲ့ လမ်းပေါ်မှာ
မီးရောင်တောင်မမြင်ရ။

ကားသံကြားတိုင်း မောင် များလားဆိုပြီး
ထွက်ကြည့်ရတာကြောင့် Baekhyun
အင်မတန်စိတ်ပင်ပန်းလှပြီ။

စောင့်ရင်း စောင့်ရင်း အိပ်ပျော်သွားခဲ့တာ
ကိုယ့်နှဖူးပေါ်က ခပ်နွေးနွေးအရာကြောင့်
နိုးလာခဲ့တော့ မောက်က ကိုယ့်ကို အုပ်မိုးလျက် ။

ပြုံးနေသော မောင့်မျက်နှာကို ကြည့်ပြီး ကိုယ်ပါအလိုလို အပြုံးများ ကူးစပ်လာသည်။

"နိုးသွားပြီလား ထ ခနလိုက်ခဲ့"

"ဘယ်ကိုလဲမောင်  !"

အခန်းထဲက ဆွဲခေါ်သွားသော မောင့်နောက် အပြေးလိုက်ရရင်း အောက်ထပ်က နာရီ ကြည့်မိတော့
11:45

ကားပေါ် အတင်းတက်ခိုင်းပြီး မောင်းထွက်ခဲ့သည်။
မောင်ဘာတွေလုပ်နေလဲ ဘာမှ မသိပေမယ့်
မောင်ခေါ်ရာသာဆို ကမ္ဘာ့အပြင်ထိလိုက်ခဲ့မယ့်
သူလေ။

မီးတိုင်တွေ ကိုကျော်ဖြတ်ချိန်တိုင်း
မီးရောင်ကျေးဇူးကြောင့်ကိုယ့်မြင်ကွင်းထဲပေါ်လာတဲ့ မောင့်ပါးချိုင့်လေးတွေကို ချစ်တယ်။

Mistake {Completed}Where stories live. Discover now