Sweet Revenge. .Part 2

5K 286 45
                                    

Sweet Revenge Part-2

Pha-POV

ကျွန်တော် တကယ်တော့ USကိုပြောင်းဖို့ မလုပ်ခဲ့ပါဘူး...

ဒီမှာ ကျွန်တော့်အတွက် အရာရာ အဆင်ပြေနေတာပဲ... ဘာလို့ပိုရှုပ်ထွေးအောင် ဟိုမှာနေဖို့ စဉ်းစားရမှာလဲ.. မကြာသေးခင်ကပဲ ကျွန်တော့်ရဲ့ ငြင်းဆန်မှုအောက်မှာ အမေ လက်မြောက်အရှုံးပေးခဲ့ရတယ်... ကျွန်တော် Americaမှာ နှစ်ရက်ပဲနေဖြစ်ခဲ့တယ်... နောက်တော့.. တားမရတော့တဲ့ ကျွန်တော့်ကို အမေလက်လွှတ်လိုက်ပြီး ဘန်ကောက်ကို ပြန်ဖို့ ခွင့်ပြုခဲ့တယ်... ဒီလိုနဲ့ ကျွန်တော် နေချင်တဲ့ နေရာမှာ နေထိုင်ဖို့ ဖြစ်လာရတာပဲ... အမေကတော့ အဖေဆီ ကွာရှင်းစာချုပ်ကို ဟိုကနေ လှမ်းပို့လိုက်မယ်တဲ့...

ငြင်းဆန်လို့မရဘဲ အမေခေါ်သွားရာနောက်ကို တကောက်ကောက် လိုက်နေရတဲ့ ကလေးတစ်ယောက်မဟုတ်တော့ဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချလို့ရတဲ့ အရွယ်ရောက်နေပြီပဲ... ဘာပဲဖြစ်ဖြစ်ကျွန်တော် ဒီမှာပဲနေဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီးသားပဲလေ...(တကယ်တမ်းက အဲလိုဆုံးဖြတ်ချက်အတွက် ကြိုးစားချိန်တော့ မရခဲ့ပါဘူး..) ကျွန်တော့်ဘဝရဲ့ အချစ်ရဆုံးသူရော.. ကျွန်တော်ခင်မင်တဲ့ သူငယ်ချင်းတွေကလဲ ဒီမှာပဲ ရှိကြတာလေ...( သူတို့တွေကို America ဆီခေါ်သွားလို့လဲ မရဘူးလေ.. )

အမေနဲ့ ဒီအကြောင်းတွေကို နားဝင်အောင် ပြောပြဖို့ ခက်ခဲခဲ့တယ်ဆိုပေမယ့် နောက်ဆုံးတော့ သူမ လက်လျှော့သွားရတယ်...

အင်းလေ.. တစ်နေ့မှာ ကျွန်တော့်မိဘတွေ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ သိထားပေမယ့် လက်တွေ့ကျတော့ ကျွန်တော့်နှလုံးသားတွေ မခံမရပ်အောင်နာကျင်မိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကြားက မေတ္တာတရားတွေက အဆုံးသတ်သွားကြပြီပဲ.. သူတို့နှစ်ယောက် တစ်လမ်းတည်းအတူလျှောက်လို့မရတော့ဘူးဆို မှတော့ လမ်းခွဲပြီး သီးခြားစီနေထိုင်ခိုင်းရတော့ မှာပေါ့..

အဲဒီ့အတွက် ကျွန်တော့်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လက်ခံပေးဖို့ပဲ ပြင်ဆင်ရတော့ မှာပေါ့...

အခုကျွန်တော့်မှာ မိသားစုစုံစုံလင်လင် မရှိတော့ ပေမယ့် အရာရာကို စိတ်ဓာတ်ကြ့ခိုင်စွာနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချထားပါတယ်..

2 moons Season3 Where stories live. Discover now