Guilty as charged!

26.2K 743 74
                                    

Guilty as charged!

Forth- POV

ကျွန်တော်တို့ အင်ဂျင်နီယာ ကျောင်းဆောင် အရှေ့က ခုံတွေမှာ ထိုင်နေရင်း ကျွန်တော် ဖုန်းကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက်နဲ့ တိုင်ပတ်နေမိတယ်။

သေစမ်း!!! ကျွန်တော် သူ့ကို လွမ်းလိုက်တာ!!

ကျွန်တော် သူ့ကို ဒီလောက်ကြီး တခါမှ မလွမ်းဖူးပါဘူး…! သူ့ကို ချက်ချင်း ဖုန်းခေါ်လိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော် မခေါ်ရဲပါဘူး…! သူအလုပ်ရှုပ်နေရင် ဘယ်လိုလုပ်မလဲ…?

“Forth!!”

မျက်မှန်တပ်ထားတဲ့ လုပ်အားပေးအသင်း ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို ခေါ် လိုက်တယ်။ သူ ကျွန်တော့်ကို တခုခု ပြောစရာရှိနေပုံရတယ်။

“ ဒီနှစ် Camp ကို မြို့စွန်ဘက် သွားကြဖို့ စီစဉ်ထားတယ်။ ငါတို့နဲ့ လိုက်မယ် မှတ်လား?”

Forth-- ဘာရယ်?

“ မင်းက နောက်နှစ်ဆို ခေါင်းဆောင်ဖြစ်တော့မှာလေ ဒါကြောင့် မင်းဒီလိုအစီအစဉ်တွေမှာ ပါသင့်တာပေါ့! ပြီးတော့ ငါတို့လဲ မင်းအကူအညီကို လိုသေးတယ်လေ!”

ကျွန်တော် သူ့ရဲ့ တောင်းဆိုမှုကို ငြင်းလို့မရနိုင်မှန်း သိမယ့်အတူတူတော့ ဒီအတိုင်း မျက်စိမှိတ်ပြီး ခေါင်းညိတ့်လက်ခံလိုက်ရုံပဲ ရှိတော့တယ်။ တကယ်တော့ ကျွန်တော်လဲ အပြင်ထွက်ပြီး လုပ်ရမယ့် အစီအစဉ်တွေကို အရမ်းသဘောကျ တာပေါ့! ဒါပေမယ့် ကျွန်တော် Beam ကို ချစ်သူဖြစ် ခွင့်ရအောင်ကြိုးစားနေရကတည်းက ဒီကျောင်းကနေ ထွက်မသွားချင်တော့ပါဘူး…

ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော့်မှာ ရွေးချယ်စရာလမ်း မရှိဖြစ်နေတယ်။

Forth-- OK OK !! ကျွန်တော်လိုက်ပါ့မယ်!

“ဒီလာမယ့် တနင်္ဂနွေနေ့နော်!! ”

Forth-- သိပါပြီခဗျ!

“ ငါတို့တွေ ဒီထက်ပိုများတဲ့ လုပ်အားပေး အစီအစဉ်တွေအတွက် စီစဉ်နေကြတယ်။ ဒါကြောင့် မင်းလဲ ငါတို့ကို နည်းနည်းကူညီစမ်းပါဦး! ”

Forth-- ရပါတယ်ဗျာ!

“ဒါနဲ့ မင်း ဆေးကျောင်းဘက်ကို မသွားဘူးလား ဟို ဆရာဝန် ကျောင်းသားကိုတွေ့ဖို့လေ…!”

2 moons Season3 Where stories live. Discover now