Love in competition... Part-2

6.4K 433 31
                                    

Love in competition Part-2

Wayo- POV

Ming ကပြောနေရင်းနဲ့ သူ့မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် အရောင်တောက်သွားတာ တွေ့ရတယ်၊ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကြီး အရင်က ဒီလောက် တစ်စုံတစ်ယောက် ပေါ်ကို အရမ်းချစ်နေတာ မမြင်ခဲ့ဖူးပါဘူး၊ သူ P'Kitကို ငေးကြည့်တဲ့ အကြည့်တွေကိုလဲ အံ့သြမိတယ်၊ မြင်ဖူးသမျှ ကြားဖူးသမျှထဲက အကောင်းဆုံးနဲ့ အလှပဆုံးသောအရာကို ငေးကြည့်နေသလိုမျိုး... သူ့နှလုံးသားနဲ့ အပြည့် ခံစားနေရသလိုမျိုး... နောက်ဆုံးတော့ Mingလဲ အချစ်မှာ နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေပြီပဲ...

ကျွန်တော် သူ့ကို နည်းနည်း စနောက်လိုက်တယ်...

Yo-- ဒီခရီးက romanticဖြစ်မဖြစ်တော့ မသိဘူး ဒါပေမယ့် မင်း အဆင်ပြေရဲ့လား?

ခရီးကို စဉ်းစားလိုက်ရင် ကျွန်တော် နှလုံးခုန်သံတွေ ရပ်တန့်တော့မတတ် ဖြစ်နေပါတယ်၊

Ming က ကျွန်တော့်ကို ပဟေဠိအကြည့်နဲ့ ကြည့်လိုက်ပြီး...

Ming--မင်း ဘာဖြစ်နေတာလဲ?

သူက ကျွန်တော့်ကို ပြန်စနောက်တဲ့ အထာမျိုးနဲ့ ကြည့်ပြီး မဲ့ပြုံး တစ်ချက်ပြုံးလိုက်တယ်... ဒါပေမယ့် ကျွန်တော် တစ်ဖက်လှည့်ပြီး မသိချင်ယောင်ဆောင်လိုက်တယ်...

Yo-- Holy Shit!!! ဟိုမှာ အလန်းစားဆော်လေးတွေ ကြည့်စမ်း!!!

ကျွန်တော့်ပါးစပ်က အဲလိုပြောလိုက်တာ နည်းနည်းတော့ ကျင့်သားမရဖြစ်နေမှန်း သိသာပါတယ်... မိန်းကလေးတစ်ချို့ပါ ... အမှန်တိုင်း ပြောရရင်တော့ ချောမောလှပတဲ့ ကောင်မလေး တစ်သိုက်ပေါ့... ကောင်မလေးတွေ များသောအားဖြင့် ချောမောတဲ့ မျက်နှာတွေ ၊
S shape ကိုယ်ခန္ဓာလေးတွေ ၊ ဖြူဖွေးနေတဲ့ အသားရေတွေ နဲ့ပါ... အရမ်း ချောမောနေတာတော့ မဟုတ်ပေမယ့် ကြည့်လိုက်တာနဲ့ ပိုက်ဆံရှိသားသမီး တွေမှန်းသိသာပါတယ်... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က ဘာရယ်မဟုတ်ဘဲ ပြောလိုက်မိတာပါ ဒါကြောင့် နောက်ထပ် စိတ်ဝင်စားမှု မရှိတော့ဘဲ Mingဘက်ကိုပဲ ပြန်လှည့်နေလိုက်တယ်...

P'Phaနဲ့ P'Forth က အခုတော့ အဲဒီ့မိန်းကလေး တစ်သိုက်နဲ့ စကားဖောင်ဖွဲ့နေပါတယ်၊ သူတို့ရဲ့ ဆွဲဆောင်မှုအားကို ကြည့်ပြီး Ming က ကျွန်တော့်ကို လှည့်ပြီး မျက်စိမှိတ်ပြရင်း ပြုံးပြလိုက်တယ်... ဒီခွေးကောင် Ming ကတော့ ကျွန်တော့်ရဲ့ ပျော့ကွက်ကို သိတော့ ကျွန်တော့်ကို လာစနောက်နေတော့တာပဲ...

2 moons Season3 Место, где живут истории. Откройте их для себя