It hurts until it does not anymore… Part-2
Pha-POV
Ming နဲ့ Kitထွက်သွားတော့ ကျွန်တော်တစ်ယောက်တည်း ကြီးမားတဲ့ အဆောက်အအုံရှေ့မှာ ကျွန်တော် တစ်ယောက်တည်း အထီးကျန်စွာ ရပ်စောင့်နေမိတယ်…
ကိုယ်ချစ်ရတဲ့သူကို စောင့်ဆိုင်းနေရခြင်းက ဘဝမှာ အခက်ခဲဆုံးအရာပဲဆိုတာ သိခဲ့ရတယ်… ကျွန်တော် ဒီခက်ခဲတဲ့ဒုက္ခတွေဆီကနေ လွတ်မြောက်ချင်ပါပြီ! Wayo က ကျွန်တော့်မျက်နှာကို မတွေ့ချင်လို့ သူ့အနားကို သွားခွင့်မရခဲ့ပါဘူး… ဒါပေမယ့် ကျွန်တော် သေရင်တောင် ဒီနေရာကနေမရွေ့ဘဲ ဘယ်လောက်ပဲကြာကြာ သူ့ကိုစောင့်နေမယ်ဆိုတာ သူသိစေချင်ပါတယ်… နောက်ဆို သူရဲ့နေ့စဉ်ဘဝ ဆိုတာဘယ်လိုမျိုးလဲ…ဘယ်လိုကိစ္စမျိုးတွေက သူ့ကို ပင်ပန်းစေခဲ့လဲဆိုတာကို ကျွန်တော် သူ့နဲ့ နောက်တစ်ခါပြန်ဆုံပြီး စကားပြောခွင့်ရရင် ကျွန်တော်တို့ဆွေးနွေးဖြစ်အောင် လုပ်ရမယ်…
ပူပြင်းတဲ့နေရောင်ခြည်က ကျွန်တော် တစ်ယောက်တည်းစောင့်နေရင်းနဲ့ ကျွန်တော့်ကို အရှင်လတ်လတ် မီးကင်းတိုက်နေသလိုပါပဲ… ခဏကြာတော့ ကျွန်တော် ခဏခဏ လှမ်းမျှော်ကြည့်နေရတဲ့ ပြတင်းပေါက်နေရာလေး ဆီကနေ စာရေးပြပြီး ကျွန်တော့်ကို မြင်အောင် ပြထားတယ် …
စာကို ဖတ်ကြည့်တော့…
“ထွက်သွားပါ!!”
ကျွန်တော့်ပါးပြင်ဆီကနေ မျက်ရည်တွေ စီးကျလာမိတယ်… အခုချိန်ထိ သူ ကျွန်တော့်ရဲ့ မျက်နှာကို မမြင်ချင်လောက်တဲ့အထိ မုန်းနေပြီလား… ကျွန်တော် ဖုန်းကိုထုတ်ပြီး သူ့ဆီစာပို့လိုက်တယ်…
Pha--ကိုယ်မသွားဘူး… ကျေးဇူးပြုပြီး ကိုယ့်ကို စကားပြောခွင့်ပေးပါ…
ကျွန်တော် ခဏလောက်စောင့်နေပေမယ့် ဘာစာမှ ပြန်မပို့ပါဘူး… ပြတင်းပေါက်နားက စာလဲ မရှိတော့ပါဘူး၊
ချန်ထားခဲ့တဲ့သူအတွက်ရော… စောင့်နေရတဲ့သူ အတွက်ရော… စိတ်ပင်ပန်းဆင်းရဲစေပါတယ်… ရှိသမျှခွန်အားတွေနဲ့ မျှော်လင့်ချက် အနည်းငယ် ပေါင်းပြီး ပူပြင်းတဲ့နေရောင်အောက်မှာ Wayoတို့ အိမ်ရဲ့ခြံတံခါးရှေ့မှာ ရပ်စောင့်မြဲ စောင့်နေမိတယ်… နေ့လည်စောင်းတော့ ကျွန်တော့်အသားရေလဲ တော်တော်လေး ညစ်နွမ်းပြီး နေလောင်နေပါပြီ… ကျွန်တော့်မျက်နှာက ချွေးတွေကို လက်နဲ့သုတ်ရင်း Wayo ကိုစောင့်နေမိပေမယ့် ကျွန်တော့်ကို အထဲဝင်ခွင့် မပေးသေးပါဘူး! ကျွန်တော် သူ့ကို ဖျောင်းဖျဖို့ စာပေါင်းများစွာပို့နေမိသေးတယ်…
BẠN ĐANG ĐỌC
2 moons Season3
FanfictionCredit ရပြီး ရေးသားထားပါတယ်။ Moonerတွေ ကြိုက်နှစ်သက်အောင် sentenceတွေ မရိုင်းရအောင်ပြင်ဆင် ထားပါတယ်။ 18+ Mature content တွေပါလာနိုင်တာကိုလဲကြိုသတိပေးထားပါရစေ ခဗျ...! Mooner တွေအားလုံးကို ကျေးဇူးတင်ပါတယ်။?? ?❤? Wayoနဲ့ Phana တို့ရဲ့ အချစ်လမ်းက သာယာဖြ...