Love in competition ... Part-3

6.3K 440 17
                                    

Love in competition … Part-3

Wayo-POV

Beam--မင်းပါးစပ်ပိတ်ထားစမ်း!! ငါသဝန်တိုနေတာ မဟုတ်ဘူး…!

P'Beamက အော်ပြောလိုက်ပြီး ချက်ချင်း ကားမှန်အပြင်ဘက်ကို လှည့်လိုက်တယ်…P'Forth ကတော့ ခေါင်းတညိတ်ညိတ်နဲ့ မထီတရီပြုံးနေတယ်…

ကျွန်တော်ကတော့ ဒီ ရန်ပွဲကြားမှာ Heart attack ရမတတ် ကြောက်လန့်နေတဲ့ အချိန်မှာ အနောက်ထိုင်ခုံက နှစ်ယောက်ကတော့ ဘာကြောင့်မှန်းမသိခွက်ထိုး ခွက်လန် ရယ်ပွဲဖွဲ့နေကြတယ်… gas stationမှာ နှစ်နာရီလောက် အချိန်ကုန်သွားခဲ့တော့ အဲဒီက စထွက်လာတာနဲ့ P'Forthက ကားအရှိန်ကို နှစ်ဆပိုမြန်အောင် မောင်းလာခဲ့တယ်… အဲဒါမှ ကျွန်းဆီသွားမယ့် လှေကို ကျွန်တော်တို့ မီမှာလေ…

ရုတ်တရတ် P'Phaဖုန်းဆီကနေ စာဝင်တဲ့ အသံနဲ့ တုန်ခါသွားတယ်… ကျွန်တော်က P'Pha သူ့ဖုန်းကို ဘောင်းဘီအိတ်ထဲက ထုတ်ပြီးဖွင့်ကြည့်နေတာကို အသာချောင်းကြည့်လိုက်တော့ မသိတဲ့ ဖုန်းနံပါတ်ဆီက စာရောက်နေတာကို တွေ့ရတယ်…အိုး … ဘုရားသခင်… အခုတော့ ကျွန်တော့်ရဲ့ ဒုက္ခလှလှ တွေ့တဲ့အခန်းလေး ရောက်ပြီပေါ့… P'Phaက ပို့ထားတဲ့ စာကို ဖတ်ပြီးတာနဲ့ ကျွန်တော့်ကို ချက်ချင်း ကြည့်လိုက်တယ်၊

Pha-- သူ့ကို ဖုန်းနံပါတ်ပေးလိုက်တာလား…?

ကျွန်တော့်ကို အော်ပြီးမေးတာပါ… ကျွန်တော် ကိုယ်တိုင် လျှက်စီးလို ဖျတ်ခနဲ ဒီနေရာကနေ ပျောက်ကွယ်သွားချင်မိတယ်… ကျွန်တော် ပခုံးတွန့်ပြရင်း ဝန်ခံလိုက်တယ်…

Yo--ဟုတ်တယ်လေ… သူက P'Pha နံပါတ်တောင်းနေတာကိုး… အဲဒီတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ…

Pha-- မင်းဘာတွေပြောနေတာလဲ Yo…!! ကိုယ်မင်းဆီ သူ့ကိုလွှတ်လိုက်တာ ကိုယ့်ရဲ့ ချစ်သူက ဘယ်လောက်ချစ်ဖို့ကောင်းနေလဲ ဆိုတာကို သူသိအောင် ပြပြီး နံပါတ်တောင်းတာ ရပ်သွားအောင်လို့လေ… အခုတော့ ကိုယ့်နံပါတ်ကို ပေးလိုက်တယ်ပေါ့လေ… တကယ် အတည်ကြီးလား…

P'Phaမေးနေပုံအရ ကျွန်တော့်ကို တော်တော်လေး စိတ်ဆိုးနေသလို ဒေါသလဲ ထွက်နေပါတယ်…

2 moons Season3 Where stories live. Discover now