Family in you. .Part-4

4K 287 21
                                    

WAYO-POV

Ming -- Ai Yo.......!!

Yo--ဟမ်....!!

Ming ရဲ့အော်သံကြောင့် ပုန်းနေရာကနေတောင် လဲကျတော့မလို ဖြစ်သွားမိတယ်....

Ming -- မင်းက အခုထိဒီမှာနေပြီး ဘာလုပ်နေတာလဲ အရူးရ...! ဟိုမှာP'Pha က အခု မင်းအိမ်ကိုသွားတဲ့လမ်းကို ရောက်နေပြီ...!

ဟိုက်....!! ဟုတ်သား.....မေ့နေတာ...

Ming နဲ့ကျွန်တော် ပန်းဝင်ဖို့ နောက်ကျနေတဲ့ အားကစားသမားတွေလို ကမန်းကတန်း ထပြေးရ တော့တယ်... တစ်ယောက်ယောက်က ကျွန်တော်တို့ကို မြင်သွားမှာ ဘာလို့ ဂရုစိုက်နေရဦးမှာလဲ..! Jae Pringဆိုတဲ့ မိန်းမကိုလဲ ဂရုစိုက်နေဖို့ မလိုပါဘူး... ကျွန်တော် ဂရုစိုက်ရမှာက အခုလေးတင် ထွက်သွားတဲ့ လူတစ်ယောက်ကိုပါ.. P'Pha  ကျွန်တော့်အိမ်ကို မရောက်ခင် ကျွန်တော်တို့က သူ့ထက်အရင် အိမ်ကိုရောက်မှ ဖြစ်မယ်..ဒါမှ ကျွန်တော့်ကို P'Pha ပြန်စောင့်နေရလို့ အချိန်တွေ အလကား ကုန်ဆုံးသွားရမှာမျိုး မဖြစ်မှာ...

ဘာကြောင့်ပဲဖြစ်ဖြစ်.. ကျွန်တော် သူနဲ့ စကားပြောဖို့ လိုလာပါပြီ...

မနက်ဖြန်လဲ မဟုတ်ဘူး...နောက်နေ့တွေလဲ မဟုတ်ဘူး... အခုပဲ... သူနဲ့ မျက်နှာချင်းဆိုင်ဆုံပြီး စကားပြောချင်နေပါပြီ...

WAYOအိမ်သို့ရောက်သော်....

P'Pha က ကျွန်တော့်အိမ်ရှေ့ခြံရဲ့ အမှောင်ရိပ် ကွယ်လေးမှာ ကျွန်တော့်ခြံရှေ့မှာ ရှိနေတဲ့ အစောင့်တွေ သူရောက်နေတာကို  မသိစေချင်လို့  ပုန်းပြီးရပ်နေတာကို ကျွန်တော် မြင်မိပါတယ်...

Ming ရဲ့ကားက ခြံရှေ့ရောက်တော့ အစောင့်တွေက ခြံတံခါးကို ဖွင့်ပေးကြတယ်..

ကျွန်တော် ခြံထဲကို ဝင်မယ့်အစား Ming ရဲ့ကားကို ခြံရှေ့မှာပဲ ရပ်ခိုင်းပြီး ကျွန်တော် ကားပေါ်က ခုန်ဆင်းကာ ကျွန်တော့်အိမ်ရဲ့ မျက်စောင်းထိုး အကွယ်လေးရဲ့ သစ်ပင်နောက်မှာ ပုန်းပြီးရပ်နေတဲ့ သူဆီအပြေးလေး သွားမိတယ်.... အဲဒီ့သူကတော့ အစကတည်းက အိမ်ထဲကို မဝင်ဘူးဆိုရင်  အိမ်ရှေ့မှာတောင် လာမရပ်သင့်တဲ့ သူပေါ့...

2 moons Season3 Where stories live. Discover now