No storm can last forever ... Part-3

6.4K 449 18
                                    

No storm can last forever … Part-3

Pha-POV

Yo က သူ့စာအုပ်တစ်အုပ်ကို ဆွဲယူဖတ်ရင်း စာကိုပြန်အာရုံစိုက်နေတယ်… သူက အိပ်ရာခင်း ပါးပါးလေးအပေါ်မှာလှဲနေရင်း စောင်သေးသေးလေးတစ်ထည်ကို အပေါ်ပိုင်း ကိုယ်ခန္ဓာကနေ ပေါင်ရင်းထိပဲခြုံထားတယ်… ဘုရားရေ… ကျွန်တော်သားရေကျချင် လောက်အောင် သူ့ပုံစံက သိမ်မွေ့နူးညံ့ပြီး အရသာရှိနေမယ့်ပုံပါပဲ… ကျွန်တော် ကိုယ့်ပါးကို ရိုက်ကာ စိတ်ကို ပြန်ထိန်းလိုက်ရတယ်…😂😂

သူ့ပုံစံက အရမ်းကို ဖြူစင်ပြီး အပြစ် ကင်းစင်နေပါတယ်… ဒီလိုပုံစံလေးကို မြင်ရတာ ကျွန်တော့်မှာ စိတ်တွေနိုးကြွလာသလိုဖြစ်လာတယ်၊ အရမ်းကိုစွဲမက်ဖို့ကောင်းလွန်းတဲ့ ခံစားချက်ကို ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမှန်းတောင် မသိတော့ပါဘူး… ဒီလို ဆွဲဆောင်မှုအားကောင်းတဲ့ အာရုံတွေကြောင့် ကျွန်တော့်မှာ နေမရ ထိုင်မရဖြစ်လာပြီး ကြက်သီးထလာကာ မျက်နှာတွေ နီရဲလာသလို ခံစားရတယ်… ကျွန်တော် ဒီခံစားချက်တွေ ဖျောက်ဖျက်ဖို့ တခြားအာရုံစိုက်စရာ တခုခု ရှာမှဖြစ်တော့မယ်ဒါကြောင့် ဖုန်းကို ကောက်ကိုင် ပြီး Facebookကိုဖွင့်လိုက်တယ်…

ကျွန်တော့်ရဲ့ New feedမှာ မေဂျာပေါင်းစုံက ကျောင်းသား/သူတွေရဲ့ Updateတွေ ပြည့်နေတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်တွေက ဘေးနားက ကောင်လေးဆီပဲ လွှင့်နေတဲ့အတွက် တခြားဘယ်နေရာကိုမှ အာရုံမရောက်နိုင် ဖြစ်နေပါတယ်… ဒါကြောင့် ကျွန်တော် ကျောင်းတစ်ခုလုံးရဲ့ သတင်းတွေ လတ်တလော ခတ်စားနေတဲ့ အကြောင်းအရာတွေ ရေပန်းစားနေတဲ့ ကျောင်းသား/သူတို့ရဲ့ အကြောင်း တွေကိုတင်လေ့ရှိတဲ့Pageထဲကို အာရုံ ရောက်လို ရောက်ငြား ဝင်ကြည့်လိုက်တယ်… အဲဒီ့Pageမှာ ဒီတစ်ကျောင်းလုံးရဲ့ ရေပန်းအစားဆုံး ချောမောတဲ့ ကျောင်းသား/သူတွေကို အမြဲတင်ပြထားလေ့ ရှိတယ်လေ. အံ့သြဖို့ကောင်းစွာနဲ့ အဲဒီ့မှာ 2Moonsဆိုပြီး တင်ထားတဲ့ postက ကျွန်တော့်ပုံတွေနဲ့ ပြည့်နေတယ်၊ ကံကောင်းစွာနဲ့ အဲဒီ့လိုPostတွေမှာ Yoရဲ့ ပြတ်သားကြည်လင်တဲ့ ရုပ်ပုံတော့ မပါလာပါဘူး၊ Yo ရဲ့Daddyလဲ Yoကိစ္စနဲ့ပတ်သတ်ပြီး ဓါတ်ပုံတွေ ပြန့်ပွားလာမှာစိုးလို့ ဂရုတစိုက်ကို ရှင်းလင်းပေး နေပုံရတယ်… တစ်ချို့သူတွေဆို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုဖြစ်သွားတာလဲဆိုတာတောင် သတိမထားမိလိုက်ဘဲ Pageကနေ ဓါတ်ပုံအကုန်လုံးကို ဖယ်ချပစ်လိုက်နိုင်တယ်၊ ဒါပေမယ့် ကျွန်တော့်ပုံတွေရဲ့အောက်မှာ Yoရဲ့ မကောင်းကြောင်းရေးထားတဲ့ commentsတွေကို အခုထိ မြင်နေရတုန်းပါပဲ… Yo ရဲ့နဂိုမူရင်းပုံစံကိုက ထင်ရှားတဲ့ ကျောင်းသားတစ်ယောက်ပုံစံမဟုတ် ပေမယ့် အားလုံးက သူ့အပေါ် ကောင်းချီးပေးခံရတဲ့ ကံကောင်းတယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ ရယ်စရာ ဖြစ်နေပုံကို လူတိုင်းက ပြောဆိုကြတယ်… ကျွန်တော် အဲဒီ့လူတွေရဲ့ Profileပုံတွေကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်… ကျွန်တော်ထင်တာကတော့ အဲဒီ့သူတွေက ဟိုအကောင်ရဲ့ Fan clubကပဲဖြစ်မယ်ထင်တယ်… တစ်ချို့လူတွေက ကျွန်တော်နဲ့ Wayo ကို မုန်းတဲ့ Fan clubအနေနဲ့ ကျွန်တော်တို့မကောင်းကြောင်းကို ပြောကြပါတယ်၊ ကျွန်တော်က Wayoကိုပိုင်ဆိုင်ထားတဲ့အပေါ် သူတို့က ရိုင်းဆိုင်းစွာ ပြောဆိုထားကြတယ်… ဒါပေမယ့် ကျွန်တော်က သူတို့ဆီက ကျွန်တော်တို့ကို ကောင်းချီးပေးခံစေချင်တာ မဟုတ်သလို ကျွန်တော် ဘယ်သူဘယ်ဝါနဲ့ပဲတွဲတွဲ သူတို့ဆီက အသိအမှတ်ပြု ခံစေချင်တာလဲ မဟုတ်ပါဘူး… ဒါကြောင့် ကျွန်တော်ရှေ့ဆက်မယ့် အနာဂါတ်ကို အားအင်အပြည့်နဲ့ အကောင်းဘက်ကို တွေးဖို့ ဆုံးဖြတ်ထားပါတယ်… အချစ်စစ်တစ်ခုဆိုတာ အရမ်းတန်ဖိုးကြီးပြီး ပိုင်ဆိုင်ဖို့ ရှက်ရွံ့ နေစရာမလိုပါဘူး.…

2 moons Season3 Où les histoires vivent. Découvrez maintenant