Sorry! I already had my wife... Part-1

11.7K 562 43
                                    

Sorry! I already have my wife . Part-1

Forth- POV

ကျွန်တော် သူ့ဘက်ကို ချက်ချင်းပြေးသွားပြီး ကားတံခါး ဖွင့်ပေးလိုက်တယ်။ Beam ကားထဲကိုရောက်တော့မှ ကားတံခါးကို သေချာပြန်ပိတ် လိုက်တယ်။ ကျွန်တော်တို့ မြို့ပြင်ကို ဒီလိုနှစ်ယောက်တည်း ကားလေးတစ်စီးထဲ အတူ စီးပြီးသွားရတယ်ဆိုတာ အိမ်မက်တစ်ခုလိုပါပဲ ... ကျွန်တော်တို့ပဲ သီးသန့် ခရီးထွက်နေသလိုလို ဖြစ်ပြီး အရမ်း ရင်ခုန်စိတ်လှုပ်ရှားမိတယ်။

ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့ပဲ သီးသန့်သွားကြတာ မဟုတ်ပါဘူး... Engineering အဆောင်က ကျောင်းသားတွေရှိတဲ့ Van ကားက ကျွန်တော်တို့ကားအရှေ့မှာ ဦးဆောင် သွားနေတာပါ... Beam က ကျွန်တော့်ကို ခြေဆုံး ခေါင်းဆုံး တချက်ကြည့်ပြီး ကား ပြတင်းပေါက်အပြင်ဘက်ကိုပဲ အကုန် အကြည့်တွေလွှဲထားပြီး တိတ်တိတ်လေး ငြိမ်နေတယ်။ ကြည့်ရတာ သူဘယ်Radio လိုင်းကို နားထောင်ရမလဲ သူ့ကိုယ်သူစဉ်းစားမရ ဖြစ်နေတယ် နဲ့တူတယ်။ Country သီချင်းတွေ နားထောင်နေရင်းက Pop သီချင်းဘက်ပြောင်းလိုက် ပြီးတော့ Acoustic သီချင်းတွေဆီ နားထောင်လိုက်နဲ့ တစ်ယောက်တည်း စိတ်ရှုပ် နေပုံပါပဲ... တခါတလေ သူ သီချင်းတစ်ပုဒ်တည်း ကိုပဲ ထပ်ခါထပ်ခါ နားထောင်ရင်း လိုက်ဆိုနေတတ် တယ်။ ကျွန်တော်ကတော့ သူ ဘာသီချင်း ဖွင့်ဖွင့် ကျွန်တော်သိပ်စိတ်မဝင်စားမိပါဘူး။ Beam ကျွန်တော့်နားမှာ ရှိနေတာနဲ့တင်ပဲ စိတ်လှုပ်ရှားနေမိတယ်။

သီချင်းတွေအားလုံးနားထောင်လို့လဲ ကုန်ရော... အစကနေ ပြန်လာနေတော့ ကျွန်တော့်အိတ်ကပ် ထဲက Flash driveကို ထိုးပြီး သီချင်းအသစ်တွေနား ထောင်ဖို့ပြင်လိုက်တယ်။အဲဒီ့ထဲမှာ ကျွန်တော် ကြိုက်တဲ့ R&B သီချင်းတွေ ရှိတယ်လေ။ ဒါပေမယ့် သီချင်းစစချင်း ပဲ Beam က "မင်းဟာက ပျင်းစရာကြီး"ဆိုပြီး ထပြောတယ်။ ကျွန်တော် ကြောင်တောင်တောင်နဲ့ သူ့ကိုပြန်ကြည့်မိပြီး သူဘာသီချင်းအမျိုးအစားကိုကြိုက်မှန်း မသိနိုင်တော့ပါဘူး။ " အဲဒီ့သီချင်းတွေက နည်းနည်းဆူတယ်မှတ်လား...?"ဆိုပြီး ပြန်ပြောလိုက်တယ်။ တကယ်တော့ ကျွန်တော်က Rock သီချင်းတွေကြိုက်တာပါ။ Metallic ကျတဲ့ Rockဆန်ဆန်သီချင်း မျိုးလေ...

2 moons Season3 Where stories live. Discover now