🎁🎁🎁Christmas Present🎁🎁🎁

4.6K 441 53
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-28.1^

လွန်ခဲ့သော တစ်ပတ်ခန့်က…

Offအိမ်မှ အဖြစ်အပျက်…

'လကုန်ရင် Gunနဲ့သွားမယ့် clubဖိုး…
အသစ်ပေါ်တဲ့ အိတ်ဖိုး…
မီတာခ…
အစားအသောက်…'

မဆိုးပါဘူး!
လက်ထဲကငွေကိုတွက်ကြည့်တော့ ဒီလအတွက် လုံလုံလောက်လောက်ရှိသေးသားပဲ။
အရင်လက ခရီးထွက်လိုက်လို့ နည်းနည်းကြပ်သွားသေးတယ်။
ဒီလတော့ အေးဆေးပဲ။
အချိန်ပိုင်းအလုပ်ကရတဲ့ငွေတောင် စုထားလို့ရသေး…

'တောင်…တင်တောင်…တင်တောင်…တင်…တောင်…'

''ဘာလဲဟ?''
ပိုက်ဆံရေနေတုန်း အိမ်ရှေ့က အဆက်မပြတ်မြည်လာတဲ့ဘဲလ်သံကြောင့် Offထိုင်ရာကတောင်ထရပ်မိတယ်။

ညတောင်ရောက်နေပြီ…
ဘယ်သူက အသည်းအသန်ဘဲလ်လာနှိပ်တာပါလိမ့်?

'တောင်…တင်…တောင်'

တံခါးဆီလျှောက်သွားတဲ့ ခဏလေးမှာတောင် ဘဲလ်သံက ဘယ်နှစ်ကြိမ်မှန်းမသိ။
ကျွတ်…Gunအိပ်နေပြီကို!
ဘယ်ကကောင်လဲ??

စိတ်တိုတိုနဲ့ တံခါးကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့
တံခါးဝမှာ ငိုမဲ့မဲ့ရုပ်နဲ့ ရပ်နေတဲ့krist…
ကျောကုန်းမှာ လွယ်အိတ်အပြင် လက်ထဲမှာလည်း luggageကပါသေး။

''ဘယ်လိုကနေ…''

''ဟင့်…''

မထင်ထားတဲ့မြင်ကွင်းမို့ Offဘယ်ကနေ စမေးရမှန်းမသိသေးခင်မှာ Kristကတော့
နှာတရှုံ့ရှုံ့နဲ့ ကိုယ့်အိမ်ကိုယ့်ယာလို luggageဆွဲပြီး အထဲဝင်သွားလေရဲ့။

ဘာလားဟ?!
ညကြီးမင်းကြီး အထုပ်ဆွဲပြီးတော့…!
ခုလည်းဆိုဖာပေါ်မှာ ငူငူငိုင်ငိုင်နဲ့တရွှတ်ရွှတ်လုပ်နေပြန်ပြီ။

''ပြောပါဦး…မင်း ဘာဖြစ်လာတာလဲ?''
Offတံခါးပြန်ပိတ်ပြီး အနားသွားထိုင်ရင်း မေးရတော့တယ်။

သူပြန်ပေးဆွဲခံရတယ်ဆိုတဲ့နေ့ကတည်းက အဆက်အသွယ်ပျက်နေတာ။
အခုလည်း ခြေလက်အစုံအလင်နဲ့ အကောင်းကြီးဟာ။

ဒါဆိုရင်…အင်း…ပြန်ပေးသမားကများ………!!!!!

''ဟင့်…အီး…ဟီး…''
ဘာဖြစ်နေလဲတွေးနေရုံရှိသေး…
ထငိုပြန်ကော!

Sold to the gangsterTempat cerita menjadi hidup. Temukan sekarang