Sold to the gangster...ch-3

6K 542 22
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-3^

မျက်လုံးက အငွေ့ထွက်မတက် ဒေါသတွေထွက်ပြီး ထိုင်နေတဲ့ Lion mafiaဂိုဏ်းခေါင်းဆောင်…
သူ့ရှေ့မှာက သူ့ကိုဖုတ်လေတဲ့ငါးပိ…ရှိတယ်လို့ တောင်မှမထင်ပဲ မှာပေးထားတဲ့ ကြေးအိုးကို ထိုင်စားနေတဲ့ ဟိုကောင်လေး…

စားစမ်း…
ဝအောင်သာစား…
အဲ့တာ မင်းရဲ့နောက်ဆုံးစားရခြင်းပဲ။

ကြေးအိုးစားချင်တယ်ပြောပြီးကတည်းက ဘာမှထပ်ပြီး စကားမေးမရလို့ Singto အဲ့ကြေးအိုးကို ဝယ်ကျွေးလိုက်ရတာပါ…

ကိုယ့်လို ဂိုဏ်းခေါင်းဆောင်က အဲ့လိုကောင်လေးတယောက်နဲ့ ပြိုင်ပြောနေစရာ အကြောင်းမရှိ။
တခါတည်း သေနတ်နဲ့ကောက်ပစ်လိုက်ရအောင်လည်း နံပါတ်တွေကိုမသိသေးလို့ သတ်မရသေး…

ကောက်ဆွဲထိုးရအောင်ကလည်း သူ့အားနဲ့ဆိုရင် တချက်လောက်နဲ့ မေ့သွားနိုင်တာမို့ မထိုးတာ…
မေ့သွားရင် ပြန်နှိုးပြီးမေးရမှာ အချိန်ကြာတယ်လေ။
စိတ်က ဒီထက်ပိုပြီးမရှည်နိုင်တော့ဘူး

ပြီးတော့ ဒီလိုဟာလေးနဲ့ရန်ဖြစ်ရတာ…ဘယ်သူမှ မသိပေမယ့်လည်း သိက္ခာကျတယ်
သူ့လိုလူက ဒီလို မလောက်လေး၊မလောက်စားနဲ့ ပြိုင်ပြောရမယ့် အဆင့်မဟုတ်။

အဲ့ကောင်လေးက သူ့ကို ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း မသိဘူးထင်တယ်။

ကြောက်ရကောင်းမှန်းလည်း သိပုံမပေါ်…
ကိုယ့်ကိုကိုယ်ဘယ်လိုအခြေအနေနဲ့ကြုံနေရမှန်း မသိတာတော့ သနားစရာအကောင်းသား။

သေခါနီးလူတယောက်ကို နားလည်အောင် ရှင်းပြနေရင်လည်း ဘာမှအကျိုးမရှိတာမို့ သူထပ်ရှင်းပြမနေတော့…

သူ့ရှေ့က အဲ့ကောင်လေးက…
သေလူလေ။
သူ့အတွက်တော့ သေလူပဲ
နံပါတ်တွေသိပြီးတာနဲ့ သူ့လက်နဲ့သေမယ့်လူ…

လူသတ်တယ်ဆိုတာ သူ့အတွက်တော့ အထူးအဆန်းမဟုတ်ပေမယ့် ဒီလို အူကြောင်ကြောင်ကောင်လေးတယောက်ကိုတော့ မသတ်ခဲ့ဖူးပါ။

ဒါပေမယ့် သူ့ရှေ့ကဟာလေးကတော့ ဂရုဏာသပ်စရာ တစက်၊တကွက်၊လက်တထောက်စာတောင်မရှိ။

Sold to the gangsterDonde viven las historias. Descúbrelo ahora