Sold to the gangster....ch-10

4.5K 478 26
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-10^

9:24a.m…
ဒီနေ့ကတော့ မနက်ပိုင်းအတန်းနှစ်ချိန်မရှိတာမို့ Kristနောက်ကျမှ အိပ်ရာထခဲ့တယ်။

ရေချိုးဖို့ အောက်ထပ်ဆင်းလာတော့ ဟိုလူကြီးရဲ့အရိပ်အယောင်မတွေ့…

ဒီအချိန်ဆိုရင် သူ့အလုပ် သူသွားလောက်ကောပေါ့
မနေ့က ရေနွေးပိုက်တော့ ပြင်ခိုင်းပြီးပြီထင်တယ်!
မပြင်ထားလို့ကတော့…ဟွန့်
နှစ်ပါတ်ပဲ။

အခုလည်း သူ့ရှာတာ တခြားအကြောင်းမဟုတ်…
မုန့်ဖိုးတောင်းစရာရှိလို့ကို…
ညကျမှပဲ တကူးတကတောင်းရတော့မယ်။

အောက်ထပ်ရောက်လာတော့ Krist မီးဖိုချောင်ဆီပဲ လျှောက်လာခဲ့တယ်။
ရေခဲသေတ္တာထဲမှာစားစရာက ready-madeပဲ ရှိပေမယ့်လည်း ကျောင်းသွားဖို့ ဘက်စ်ကားစီးရင် ဗိုက်ပြန်ဆာဦးမယ်လေ…
အဲ့တော့လည်း ရှိတာပဲ စားသွားရတာပေါ့
ဒီအိမ်နဲ့ ဘက်စ်ကားမှတ်တိုင်ကလည်း အဝေးကြီးမဟုတ်လား?

ဟိုလူကြီးဆိုတာကလည်း နံပါတ်မှမပြောပြရင် ပီဇာတချပ်တောင် ကိုယ့်သဒ္ဓါတာမဟုတ်…
ထားပါ…
နောက်နှစ်လလောက်ပြီးရင် အဲ့လူကြီးနဲ့က ဆက်တွေ့ရမှာမဟုတ်ဘူးလေ။

မီးဖိုခန်းဆီရောက်ဖို့ လမ်းကို ကွေ့လိုက်တော့…

လမ်းခုလတ်မှာ အခန်းကနေ ပွင့်လာတဲ့ တံခါးတစ်ချပ်…
ဘယ်လိုဖြစ်လို့လဲ!
အဲ့လူကြီး အလုပ်မသွားဘူးလား?

မသွားလည်းကောင်းသား…
မုန့်ဖိုးတောင်းလို့ရပြီ။

Kristဝမ်းသားအားရနဲ့ ရပ်နေမိရင်း တံခါးအကွယ်ကထွက်လာတာကို မြင်လိုက်ရတာက…

ဟိုလူကြီး…
ဒါပေမယ့် ခါးမှာပတ်ထားတဲ့ towerအဖြူတစ်ထည်ကလွဲလို့ တစ်ကိုယ်လုံးမှာ ဘာအဝတ်မှမပါ

ပြီးတော့ Kristကိုလည်းမြင်ပုံမရ

သူ့ကမမြင်ပေမယ့် သူ့ခန္ဓာကိုယ်ရဲ့ ကြွက်သားအဖုအထစ်တွေကို Kristငေးကြည့်နေမိတာတော့ အမှန်ပါ…
လူကြည့်တော့ အရိုးပဲရှိမယ်ထင်တာ
ဒါမျိုးလည်း ရှိသားပဲ!

အရင်တစ်ခါက ဘာလို့သတိမထားမိတာပါလိမ့်?
အဲ့ဒီတုန်းကတော့ ရုတ်တရက်မို့ မျက်စိထဲဘာမှမမြင်…
ထအော်ပြီး တံခါးဆွဲပိတ်လိုက်တာသာ။

Sold to the gangsterWhere stories live. Discover now