Sold to the gangster...ch-20

4.3K 451 29
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-20^

အပေါ်ထပ်ပြေးတက်သွားတဲ့ ကောင်လေးကြောင့် ထရပ်လိုက်မိတဲ့ကိုယ့်ကိုကိုယ် Singto နားမလည်နိုင်။

ဘာကိစ္စနဲ့များအလိုလို ရပ်မိသွားရပါလိမ့်?
လှမ်းမိလုဆဲဆဲခြေလှမ်းကကော ဘာအတွက်လဲ?
သူ့ကို...လိုက်ချော့ဖို့?

''ကျွတ်...အရေးမပါလိုက်တာ''
ဘယ်တုန်းကများ အဓိပ္ပာယ်မရှိတာတွေကို ဒီလောက်ထိစိတ်ထဲထည့်တတ်သွားရပါလိမ့်?

အလုပ်မဟုတ်တာတွေ မလုပ်ချင်စမ်းနဲ့...လို့ Singto ကိုယ့်ကိုကိုယ်အသိပေးရင်း ဆိုဖာပေါ်သာပြန်ထိုင်ချလိုက်မိတယ်

စားပွဲပေါ်က ကွန်ပျူတာကို ပြန်ဖွင့်လိုက်တော့ မျက်လုံးထောင့်ကနေ ကြမ်းပြင်ပေါ်မှာဖိတ်နေတဲ့ ဆန်ပြုတ်တွေကို လှမ်းမြင်လိုက်ရသေးတယ်။
ကြမ်းပြင်ပေါ်အထိ ဖိတ်ကုန်ရအောင် သူခါထုတ်လိုက်တာ အားအရမ်းပြင်းသွားလို့လား?

ထွက်မသွားခင်တော့ မြင်လိုက်ရတဲ့ နီရဲတက်လာတဲ့ပါးတစ်ဖက်နဲ့ မျက်ရည်တွေဝဲလာတဲ့မျက်လုံးတွေကို ပြန်မြင်ယောင်လာမိတော့...
သူ အပေါ်ထပ်မှာ ငိုနေမလားပဲ

ငိုနေလည်း ကိုယ့်အကြောင်းမဟုတ်ပါဘူးလေ။
နဂိုကတည်းက မစားဘူးလို့ပြောသားပဲ...
သူလည်း ယောကျာ်းလေးတယောက်မဟုတ်လား
ဒီလောက်လေးနဲ့ ငိုစရာတော့ မရှိလောက်ပါဘူး

ပြီးတော့...
နောက်တစ်လကျော်လောက်နေရင် ပတ်သတ်စရာမရှိတော့တဲ့ ကိစ္စတစ်ခုပဲ။
ဒီအတောအတွင်း နံပါတ်ကိစ္စကိုပဲ အာရုံစိုက်စမ်းပါလား ...Prachaya...

ကျန်တဲ့ကိစ္စတွေက...ကိုယ်နဲ့ဆိုင်မှမဆိုင်တာ...

°•.o.°•.o.°•.o.°•.o.°•.o.°•.o.°•.o.°•.o.°•.o.

ပွင့်မလာတဲ့တံခါးကို ထိုင်ကြည့်နေမိတာ အချိန်ဘယ်လောက်ကြာသွားပြီမှန်းမသိခဲ့...
P'Singများ လာမလားလို့လေ။

ကိုယ့်ကိုကိုယ်ငုံ့ကြည့်မိတော့ အကျီင်္ပေါ်ဖိတ်ကျထားတဲ့ ဆန်ပြုတ်ရည်တွေက ခြောက်လုနေပြီ
ပြီးတော့ ပါးတစ်ဖက်ကရောင်နေမယ်ဆိုတာ မှန်ထဲမကြည့်ပေမယ့်လည်း Kristသိနေမိတယ်

Sold to the gangsterWhere stories live. Discover now