Sold to the gangster...ch-16

4.8K 452 50
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-16^

waiterတယောက် အခန်းထိလာပို့တဲ့ ကန်စွန်းရွက်ကြော်လိုလို အရွက်ပန်းကန်နဲ့ ဖက်ထုတ်ပန်းကန်ကို Singto ခုံပေါ်လှမ်းတင်လိုက်ပြီး တချက်လှည့်ကြည့်လိုက်တော့ ဟိုကောင်လေးက အခုထိမနိုးသေး...

ညတုန်းကလည်း ကိုယ့်အရင်အိပ်၊
အခု အရွက်ပန်းကန်လာပို့တော့လည်းမနိုးနဲ့...
အတော်လည်းအိပ်နိုင်တဲ့ဟာလေး။
နိုးကိုမလာတော့ဘူး...

မနိုးပဲနဲ့များ မှာထားရသေးတယ်လို့!
သူမနိုးတော့ ကိုယ်က ယူပေးနေရတယ်...

ထားပါလေ
အိပ်နေတော့လည်း နားညည်းသက်သာတာပေါ့
နိုးလာရင် အလကား...အာရုံနောက်တယ်!

Singto ကုတင်ပေါ်မှာ အားရပါးရအိပ်နေတဲ့ Kristဆီကနေ မျက်နှာပြန်လှည့်လိုက်တော့ စားပွဲပေါ်မှာ ဖက်ထုပ်နဲ့ အရွက်ကြော်တစ်ပွဲ...
ဘာအရွက်မှန်းတော့ Singtoက အသီးအရွက်မကြိုက်လို့ သေချာမသိ။
ပုံစံကို မှန်းကြည့်ရသလောက်တော့ ကန်စွန်းရွက်များလား???

ကန်စွန်းရွက်ကြော်ကိုများ မနက်စာစားဖို့ တကူးတက ကြိုမှာထားရအောင် သူက လိပ်မို့လို့လား?
အတော်ထူးဆန်းတဲ့ဟာလေး...

ထူးဆန်းတယ်တဲ့...အင်း ဟုတ်တယ်
မနေ့ညကလို
မီးပန်းဖောက်တဲ့အသံကို ကြောက်လို့ပါဆိုပြီး လာဖက်တာမျိုးပေါ့။
အခန်းထဲရောက်တော့လည်း ပြူးပြူးကြောင်ကြောင်နဲ့ ...

ဒီကောင်လေးက မီးပန်းဖောက်တာကြတော့ ကြောက်ပြီးတော့ သူ့ကျ မကြောက်ဘူးလား?
ကလန်ကဆန်လုပ်ရဲတယ်ဆိုတာ နံပါတ်တွေသိတဲ့တယောက်တည်းသောသူ ဖြစ်နေလို့ Singto သည်းခံပေးနေလို့သာ။
အဲ့လိုသည်းခံနေတာကိုပဲ ဒင်းက အကောင်းထင်နေသလားပဲ?

ကိုယ့်ကိုကိုယ် Black Marketလိုနေရာက အဝယ်ခံလာရတယ်ဆိုတာ မေ့နေတာလား??

သူ ယောကျာ်းလေးတွေကို စိတ်မဝင်စားတတ်တာပဲ ဒီကောင်လေး ကံကောင်းတယ်မှတ်ပါ
မဟုတ်လို့ကတော့ $1,000,000နဲ့ဝယ်လာတဲ့ဟာကို ဘယ်သူက ဒီအတိုင်းထားမှာလဲ?
သူ့အတွက်ကတော့ အဲ့ငွေကြေးပမာဏက အဲ့ကောင်လေးအတွက်မဟုတ်...
နံပါတ်တွေအတွက်။

Sold to the gangsterWhere stories live. Discover now