Sold to the gangster...ch-12

4.3K 466 33
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-12^

စားပွဲပေါ်မှာ အဆတ်မပြတ်မြည်နေတဲ့ဖုန်းကို Singtoလှမ်းယူလိုက်တယ်။
ဖုန်းကမြည်လာပြန်ပြီ!

ကုမ္ပဏီကိစ္စလား?
နံပါတ်တွေကို သတင်းအစ စုံစမ်းမိလို့လား?
ရုံးခန်းထဲဝင်တဲ့သူကို သိလို့လား?
ဟိုစောက်ကလေးကို ပြန်တွေ့လို့လား?…
ဘာကိစ္စကြောင့်မှန်းတော့မသိဘူး!

ဒီနေ့တနေ့လုံး အလုပ်ကိစ္စတွေနဲ့ မနားရပါဘူးဆိုမှ ဟိုစောက်ကလေးကောင်းမှုနဲ့ ရုံးခန်းထဲက laptopနဲ့မျက်နှာတောင် မခွါရ…
အဲ့ဟာလေးကိုရှာတွေ့ပြီလားဆိုပြီး ရှာခိုင်းထားတဲ့ လူတွေကို E-Mailပို့ရလွန်းလို့လည်း လက်တောင် ညောင်းချင်လာပြီ..

အခြားလူတယောက်ယောက်ကို ရှာခိုင်းရတာ ကိစ္စမရှိ…ဒီလို E-Mailထိုင်ပို့နေစရာမလို။
တပည့်တွေကို ရှာခိုင်းလိုက်ရင် နှစ်ရက်အတွင်း တွေ့မှာပဲလေ။

အခု E-Mailတွေ ပို့နေရတယ်ဆိုတာ ရှာခိုင်းထားတဲ့လူက ဒီကောင်လေးကိုမို့လို့။

ရှာတွေ့ပြီး ဟိုစောက်ကလေးက အသာတကြည်မလိုက်လို့ ထိုးကြိတ်ခေါ်လာမှဖြင့်……………

ကြိုးလေးချည်တာတောင် မေ့သွားတယ်ဆိုပြီး နှစ်ပါတ်စောင့်ရတာ…
အဲ့လိုသာ ထိုးကြိတ်လိုက်လို့ကတော့
တစ်နှစ်မက စောင့်လိုက်ရမှာ အသေအချာပဲ။

အဲ့တာမို့လို့ လူတကာကို E-Mailထိုင်ပို့ပြီး အသားတောင်မထိဖို့ မှာနေရတာလေ။

ဒီလို ကောင်လေးတယောက်ကို မထိမခိုက်ဖို့ သေလောက်အောင်မှာနေတဲ့သူ့ကို ဘယ်လိုများထင်ကြမလဲပဲ?
အနည်းဆုံးတော့ ဒီဟာလေးကို တန်းတန်းစွဲဖြစ်နေတယ် ထင်မှာပဲ။

ငါကွာ…ရစရာအရှက်ကော ကျန်သေးရဲ့လားပဲ…
မိန်းမမဟုတ်၊ဘာမဟုတ်ကို ကြိုက်နေတယ် အထင်ခံနေရတယ်လို့…တောက်…

အတော်အလုပ်ရှုပ်တဲ့ဟာလေး…
တွေ့တာနဲ့ အမှုန့်ကြိတ်ပစ်မယ်!

စဉ်းစားရင်းဒေါသထွက်ရင်းနဲ့ ညနေတုန်းကကောက်ပေါက်လိုက်လို့ screenအက်သွားတဲ့ဖုန်းကို ကိုင်လိုက်တယ်။

Sold to the gangsterWhere stories live. Discover now