Sold to the gangster...ch-21

4.4K 518 66
                                    

<zawgyi>

Sold to the gangster
~Singto&Krist ^ch-21^

''Prachayaက codeတွေကို     တကယ်သိလို့လား?
သူ့လိုလူမျိုးကို မသေချာပဲ မထိတာကောင်းလိမ့်မယ်''

''သူ့လူယုံ မသေခင်မှာ codeတွေ ရသွားမှာတော့ ကျိန်းသေတယ်…
အဲ့တာမို့လို့ နာမည်ကြီးသုံးယောက်ထဲမှာ သူက စုံစမ်းမှုအနည်းဆုံးဖြစ်နေတာပေါ့။
ဒီအတိုင်းလက်လျော့မှာမဟုတ်တဲ့ သူ့လိုကောင်က မသိပဲနဲ့ ငြိမ်နေစရာတော့မရှိဘူးလေ''

''အဲ့တာဆိုရင်ကော?
ဒီကောင်လေးနဲ့ Codeကို လဲပါ့မလား Jack…
Black marketမှာ ဒီလိုကောင်လေးတွေ ကြိုက်သလောက်ဝယ်လို့ရနေတာပဲ''

''မင်းက ဘာတွေသွေးကြောင်နေတာလဲ Jade…
ငါ့အကို မဟုတ်တဲ့အတိုင်းပဲ''

''ငါသွေးကြောင်တာမဟုတ်ဘူး…
မင်းငါ့ကို မတိုင်ပင်ပဲ မသေချာတာတွေ လျှောက်လုပ်နေလို့ပြောနေရတာ…''

ခေါင်းထဲသတိပြန်ဝင်,ဝင်လာချင်းမှာ လူနှစ်ယောက်အပြန်အလှန်ပြောနေကြတဲ့ စကားတွေကို ဘာတွေမှန်းKristနားမလည်…
သူတို့စကားကိုစဉ်းစားနေဖို့နေနေသာသာ မျက်လုံးတောင်ဖွင့်ဖို့မလွယ်ကူ…

ငိုက်ကျနေတဲ့ခေါင်းကို ပြန်ထောင်ကြည့်တော့ ခေါင်းကိုက်နေတဲ့အပြင် မျက်လုံးဖွင့်ဖို့ပါ ခက်နေသေးတယ်။
ဒီလိုခံစားရတာမျိုးသူသိနေသလို……
အရင်တစ်ခါတုန်းကလို အဖမ်းခံပြန်ပြီလား?

ပြီးတော့ ခုဏကကြားရတာ black marketတဲ့။
အဲ့ဒီနေရာ ပြန်ရောက်နေတာလား?

Kristအလန့်တကြားမျက်လုံးဖွင့်ကြည့်မိတော့ ပထမဆုံးမြင်ရတာက ထိုင်ခုံလက်တဖက်စီပေါ်မှာ လက်နှစ်ဖက်က ကြိုးချည်ရက်သား…
ပြီးတော့ ထိုင်ခုံခြေထောက်တွေနဲ့ ခြေထောက်ကိုလည်း ကြိုးတွေချည်ထားသေးတယ်။
ဘာတွေဖြစ်နေရတာလဲ?

ပြန်မှတ်မိသလောက်က Offတို့နဲ့ရုပ်ရှင်သွားကြည့်ပြီး……
လက်ကိုင်ပုဝါရဲ့ ခပ်စူးစူးအနံ့?
ဟုတ်တယ်။
လက်ကိုင်ပုဝါနဲ့အအုပ်ခံရပြီး မေ့သွားတာ။
သူမေ့နေတုန်း ဒီကိုခေါ်လာတာလား?

Kristပတ်ဝန်းကျင်ကို မျက်လုံးဝှေ့ကြည့်မိတော့ အဝါရောင်မီးရောင်ပျပျနဲ့ အခန်းကျယ်…
မြေအောက်ခန်း???
တကယ်ပဲ မြေအောက်ခန်းလား?
P'Singအရင်တခါက…
ခေါ်သွားဖူးတဲ့အခန်းမျိုးလား??

Sold to the gangsterWhere stories live. Discover now