



Kim Tae Hyung"

~••~

26.11.2018 (Monday)
##


[Unicode]

 

ဒီမနက် ကျောင်းလာသည်ကို တွေ့ခဲ့ရဲ့သားနဲ့ ဘာလို့ ပျောက်နေတာပါလိမ့်။

ဟာယောင်း သည် ထယ်ဟျောင်း၏ အခန်းသို့လိုက်ရှာသော်လည်း ကျောပိုးအိတ်လည်းမတွေ့။

အမြဲလိုလို စာဖတ်နေတတ်သူက ဘာဖြစ်လို့များ အတန်းထဲတွင် ရှိမနေရတာလဲ။

လူအသွားအလာနည်းသော ကျောင်းဆောင်၏အနောက်ဘက်က သစ်ပင်အောက်တွင် သူတစ်ခါတစ်လေ စာဖတ်နေရင်း အိပ်ပျော်သွားတတ်သည်ကို ဟာယောင်းတွေးမိလိုက်သည်။

အဲဒီမှာများလား?

~~•~~

သစ်ပင်အောက်တွင် ရပ်နေကာငေးနေသော ထယ်ဟျောင်းအား တွေးတော့ သူ၏ရင်ထဲမှ အလုံးကြီးကျသွားတော့သည်။

စိတ်ပူလိုက်ရတာ ကင်ထယ်ဟျောင်း

သူမ ထယ်ဟျောင်း၏ ကျောအား သွားတို့လိုက်သော လှည့်ကြည့်လာသော သူ၏မျက်နှာချောပေါ် တွဲခိုနေသော မျက်ရည်လုံးလေးတွေ...

" ထယ်ဟျောင်း...
နင်ငိုနေတာလား.."

သူ မျက်ရည်များအား အလျင်အမြန်သုတ်လိုက်ပြီး...

" နင်နဲ့ မဆိုင်ပါဘူး.."

ဟူ၍ ကျောခိုင်းထွက်သွားရန် ပြင်နေသော ထယ်ဟျောင်းအား သူ လက်မောင်းမှ ဆွဲကိုင်ထားသည်။

" နင့်အမေ ကြောင့်လား..."

" နင့်အမေ နင့်ကို ထားခဲ့လို့ ငိုနေတာလား..."

ထယ်ဟျောင်း သူမ၏လက်အား အတင်းတွန်းချကာ...

" နင် ဘယ်လိုသိနေတာလဲဆိုတာတော့ ငါမပြောတတ်ဘူး။ ဒါပေမယ့် နောက်ဆို ငါ့ကိုလာပြီး မနှောင့်ယှက်ပါနဲ့တော့...။ ကျေးဇူးပြုပြီး ငါ့နောက်တစ်ကောက်ကောက် လိုက်မနေပါနဲ့တော..."

မျက်စောင်းထိုးကာ လှည့်ထွက်သွားသော ထယ်ဟျောင်း၏ ကျောပြင်အား ငေးကြည့်ရင်း သူမ မြက်ခင်းပေါ် အရုပ်ကြိုးပြတ်သလို လဲကျသွားသည်။

" ငါ့ကို ဒီလောက်တောင်မုန်းလား ကင်ထယ်ဟျောင်း....

ငါက လူတွေအကုန် နင့်ကို ပစ်ထားသွားခဲ့ရင်တောင် ငါနင့်အနားကနေ ထွက်မသွားမယ့်လူပါ။

ဒါပေမယ့်...နင့်ရဲ့ ဆန္ဒက ငါ့ကို မမြင်ချင်တော့တာဆိုရင်..

ငါ...နင့်အနားကနေ ထွက်သွားပေးပါ့မယ်
Kim Tae Hyung"

~••~

26.11.2018 (Monday)
##

김태형[ k•th ] ✔Where stories live. Discover now