




" ငါ...နင့်ကို လိုအပ်တယ်..
Kim Tae Hyung.."

~~•~~

19.Nov.2018 ( Monday )
##4th update

[Unicode]

" Kim Tae Hyung!!!"

အဖေ့၏ အော်သံက တစ်အိမ်လုံးအား ဆူညံစေပြီး အိပ်ပျော်နေလျက်ရှိသော အမေနှင့် ညီမလေးအား နိုးစေခဲ့သည်။

အမြဲလိုလို မူးမူးနှင့် အိမ်ပြန်လာကာ ရမ်းကားတတ်သော အဖေ။

" tsk..အသုံးကို မကျဘူး..။ ဘယ်မှာလဲ Tae hyung!! ငါ့အတွက် စွပ်ပြုတ်ချက်ထားခိုင်းထားတာ ဘယ်မှာလဲ.."

သူ အဖေ့ရှေ့အရောက်သွားကာ...

" appa...ခဏလေးစောင့်ပေးပါ..ကျွန်တော်အခုသွားပြုတ်--"

ပါးရိုက်လိုက်သော အသံက ထင်ရှားစွာ။

Taehyung အရိုက်ခံရသော ပါးအား ကိုင်ကာ ကျချင်သော မျက်ရည်အား ထိန်းနေလိုက်သည်။

" တစ်ယောက်မှ အသုံးမကျဘူး...။ ဘယ်မှာလဲ Kim Taeyeon.."

ညီမလေး၏နာမည်အား ခေါ်လိုက်ချိန် ထယ်ဟျောင်း ပြူးကြောင်ကြောင်နှင့်...

ညီမလေးက သူ့လို အရိုက်ခံရမည်ဆိုး၍ သူ ညီမလေးအား ဆွဲခေါ်ကာ အပြင်သို့ထွက်သွားသည်။

" Oppa..."

" Shh!! ဘာမှမဖြစ်ဘူး Oppa  ရှိတယ်.."

ဒီလိုနှင့် ဒီညအား အိမ်အပြင်ဘက်တွင်သာ အေးစက်စွာ ကုန်ဆုံးခဲ့ရသည်။

~~•~~

ဟန် မြစ်ဘေး မြက်ခင်းများပေါ် စိတ်ရှိလက်ရှိ ထိုင်ချရင်း သက်ပြင်းတစ်ချက်အား မှုတ်ထုတ်လိုက်သည်။

" Kim Tae Hyung!"

လာပြန်ပြီ။ ထိုအသံ။
ဒီလိုနေ့မျိုးမှာတော့ မပေါ်လာပါနဲ့လား..။

" တစ်ယောက်တည်း ဒီမှာဘာလုပ်နေတာလဲ.."

သူမကို လှည့်လည်းမကြည့်။ အဖက်လည်း မလုပ်ဘဲ နေလိုက်သည်။

ကျွန်တော့်အပြုအမူက သူမအပေါ် ခံစားစေရမယ်ဆိုလည်း ဂရုမစိုက်ပါ။ သူ့ကြောင့် ကျွန်တော့် သူငယ်ချင်းတွေ ဝမ်းနည်းခဲ့ရပြီးပြီ။

သူ့ရဲ့ ကစားပွဲထဲမှာကျွန်တော့်သူငယ်ချင်းတွေကို ကြိုက်သလောက်ကစားခဲ့တာ ကျွန်တော်မြင်ခဲ့ပြီးပြီ။

" ဘာလို့ ကျောင်းမလာတာလဲ...?"

သူ ကျွန်တော့်ခွင့်ပြုချက်မရှိပါဘဲ ကျွန်တော့် ပုခုံးပေါ် ခေါင်းလာတင်သည်။

အားနည်းနေသော ခန္ဓာက သူမကို တွန်းထုတ်နိုင်ဖို့လောက်တောင် အားပြတ်နေခဲ့တာ။

" ငါ...နင့်ကို လိုအပ်တယ်..
Kim Tae Hyung.."

~~•~~

19.Nov.2018 ( Monday )
##4th update

김태형[ k•th ] ✔Where stories live. Discover now