♡ Part 21 ♡ ( The Ending )

2.9K 193 15
                                    

" Kyungsoo ထထ သွားမယ် "

သူအိပ်နေတုန်း ရုတ်တရက်လာနှိုးတဲ့ Jongin ကြောင့် အိပ်မှုန်စုံဝါးနဲ့ ငုတ်တုပ်ထိုင်မိသည်။ ဟမ် ဘာဖြစ်လို့ပါလိမ့် ? ဘာအရေးကြီး ကိစ္စရှိလို့လဲ

" Jongin ဘာဖြစ်လို့လဲ? "

အခန်းထဲမှာ သူတို့အ၀တ်တွေကို အိတ်တလုံးထဲ ရုတ်တရက်ထည့်နေတဲ့ Jongin ကို လိုက်ကြည့်နေမိသည်။ ဘာတွေပြာယာခတ်နေတာလဲ။ ရဲတွေလာလို့လား?

"jongin"

ဒီတခါခေါ်တော့မှ လှည့်ကြည့်လာသည်။ Kyungsoo ရဲ့ ကြောက်နေတဲ့ မျက်ဝန်းတွေကို မြင်တော့မှ လုပ်နေတာတွေ ရပ်ပီး ချက်ချင်းဘေးနားရောက်လာသည်။

"ဘာမှမကြောက်နဲ့ Kyungsoo ငါရှိတယ်"

ပါးနှစ်ဖက်ပေါ်က Jongin ရဲ့ ပူနွေးနွေး လက်ဖ၀ါးတွေကြောင့် ပိုမှီချမိသည်။

" အ့တာဆို ဘာလို့ ပစ္စည်းတွေသိမ်းနေတာလဲ? "

သူ့အမေးက Jongin က ပြုံးပြသည်။ သူတို့နှစ်ယောက်ရဲ့ အချိန်တွေကို ရပ်ထားချင်မိတာ အမှန်ပါ။

" ဟိုတခေါက်ကမေးတာ မှတ်မိသေးလား? ထွက်ပြေးကြမလား ဆိုတဲ့မေးခွန်းလေ"

မေးတာကို ခပ်တွေတွေလေး စဉ်းစားနေပီးမှ ခေါင်းငြိမ့်ပြတဲ့ Kyungsoo က တအားချစ်ဖို့ကောင်းလွန်းနေတာမို့ သူရင်ခွင်ထဲ ဆွဲသွင်းမိသည်။

" ငါတို့ထွက်ပြေးကြမယ် kyungsoo"

ဘာကြောင့်လဲ ဘာလို့လဲ မမေးမိ။ Kai ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ အကြောင်းရာတခုခုရှိနေတာ သိသည်။ Kai ကအမြဲ သူတို့နှစ်ယောက် လုံခြုံရေးကို ဦးစားပေးတဲ့ ဒုက္ခရောက်မှာ မဟုတ်မှန်းသိလို့ ချက်ချင်းခေါင်းငြိမ့်ပြမိသည်။

" ဟုတ်ပီ အ့တာဆို အခုပြင်လိုက်တော့ အခုချက်ချင်း ထွက်မယ် "

Kai ကို နမ်းပီး ရေချိုးခန်းထဲ အမြန်ဝင်သွားလိုက်သည်။


********

သူတို့ အိမ်ရှေ့ကို ထွက်လာတော့ baekhyun နဲ့ Luhan ရပ်စောင့်နေတာ တွေ့လိုက်သည်။

" အကုန်အဆင်သင့်ဖြစ်ပီလား?"

Baek အမေးကို Kai ပြန်ဖြေပေမယ့်.. Kyungsooရဲ့ အကြည့်တွေက မျက်စိရှေ့က ကားနှစ်စီးဆီသာ ရောက်နေသည်။ သူတို့်အကုန်လုံး တူတူသွားမှာ မဟုတ်ဘူးလား?

Prominent of Love [Completed]Where stories live. Discover now