ပါးစပ်ထဲက ကျန်တဲ့ခေါက်ဆွဲကိုပဲ မြန်မြန်ဝါးချပီး ဘယ်တော့မှ ပြန်မလာရင်ကောင်းမလား.. စားလက်စ ပန်းကန်ပဲယူပီး ထထွက်သွားရတော့ မလိုလို .. kyungsoo တွေးရင်းစိတ်ရှုပ်လာသည်။ jongin ကို အားကိုးတကြီး လှမ်းကြည့်တော့လဲ ဘာမှမထူး။ နောက်ဆုံး သည်းမခံနိုင်တော့ တူကိုအသာချပီး ခုံကိုလက်နဲ့ရိုက်လိုက်သည်။
" အ့တာ ဘာဖြစ်နေကျတာလဲ "
အ့တော့မှ အကြည့်ခြင်းပြိုင်နေတဲ့ နှစ်ယောက်ဆီက အာရုံက သူ့ဆီရောက်လာသည် ။ luhan က ခေါင်းငုံ့ပြီးသာ ဆက်စားနေသည် ။ သူ baekhyun ကိုကြည့်တော့မှ မရေရာတဲ့ အဖြေရသည် ။
" ဘာမှမဟုတ်ပါဘူး "
kyungsoo စိတ်မရှည်တော့ ။ ဘယ်နှယ့် ညစာလေး အေးအေးဆေးဆေး စားရမလားမှတ်ပါတယ် .. သူတို့က မျိုချလို့မရအောင်လာလုပ်နေတယ် ။
" ဒီမှာ ! အား ...... "
စိတ်ထဲမှာ ပြောဖို့စီစဉ်ထားသမျှဟာတွေက နေ့လည်က လျှာကိုက်မိထားတဲ့ အနာကြောင့် အကုန်မေ့ကုန်သည်။ အစကတော့ အဆူမခံရအောင်ဆိုပီး နာတယ်ပြောထားပေမယ့် အခုနောက်ပိုင်းမှ တဖြည်းဖြည်း ပိုနာလာသည်။ စိတ်တိုတာရော စိတ်ညစ်တာရော နာတာရောပေါင်းပီး မျက်ရည်က အလိုလိုကျလာသည် ။
" hyung တို့ သိမ်းလိုက်တော့ "
သူ ငိုနေတာမြင်တော့ Jongin က ချက်ချင်းအနားရောက်လာပီး အပေါ်ထပ်ခေါ်သွားသည်။ kyungsoo ကတော့ အခုထိ အငိုမပျက်..
" မငိုနဲ့ မငိုနဲ့ တိတ်တော့ "
ကျောကုန်းကို ပွတ်ပေးနေတဲ့ jongin လက်တွေကို ပုတ်ထုတ်ပီး ပိုငိုမိသည်။ လဒ အ့တာသူ့ကြောင့် ...
" အ့တာ jongin ကြောင့် "
" အမ် နမ်းတုန်းက လျှာမကိုက်မိပါဘူး "
Jongin ကို သူ သုံးစက္ကန့်လောက် စိုက်ကြည့်နေပီးမှ နားရွက်တွေလိမ်ဆွဲပီး ခေါင်းကိုထုလိုက်သည်။
" လဒရဲ့ မင်းကိုရှာလို့ အ့လိုဖြစ်တာ ! တာဝန်ယူတော့! "
Jongin ကတော့ သူ့နားဆီက kyungsoo လက်တွေကို မနည်းဆြွဲဖုတ်နေရသည်။ အကောင်သေးသလောက် အားကြီးလိုက်တာ...