♡ Part 16 ♡

2.6K 303 20
                                    

ရုတ်တရက်မြင်လိုက်ရတဲ့ baekhyun ကြောင့် သုံးယောက်လုံးအံ့သြသွားသည် ဒီလို ချက်ချင်းရောက်လာမယ်လို့တော့ ဘယ်သူမှ ထင်မထားဘူးလေ

"ငါ့ကိုပေးမဝင်တော့ဘူးလား"

"ah လာလေ hyung"

baek hyung ကိုတံခါးဖွင့်ပေးလိုက်ပြီး အိမ်ထဲပေးဝင်လိုက်သည်

" ya baekhyun မတွေ့တာကြာပြီ"

"luhan ဘယ်တုန်းကရောက်တာလဲ"

"သိပ်မကြာသေးပါဘူးမင်းအဆင်ပြေလား"

"ပြေပါတယ်"

luhan နဲ့မတွေ့ဖြစ်တာကြာတော့ စကားပြောနေမိတာတော်ရုံနဲ့မပြီး ...

"hyung"

kai ခေါ်သံကြားတော့ သူကြည့်မိသည် Kai မျက်လုံးတွေကသူ့ဆီမှာရှိမနေ..သူ့နောက်ကို သာကြည့်နေသည် သူမေ့နေတဲ့သူတစ်ယောက် kyungsoo ...

"baek မင်းက သူတို့နဲ့ဘယ်လိုသိနေတာလဲ ဒီကိုဘယ်လိုသိပြီးရောက်လာတာလဲ"

မျက်လုံးအဝိုင်းသားနဲ့ ခပ်တွေတွေလေးပြော နေတဲ့ kyungsoo နားကိုသက်ပြင်းချပြီး အနားကပ်သွားလိုက်သည် သူအနားရောက် တော့ kyungsoo လက်ကိုဆွဲလိုက်ပေမယ့် ချက်ချင်းရှောင်ပြီးနောက်ဆုတ်သွားသည်

"တချိန်လုံးငါ့ကိုလိမ်ခဲ့တာလား baekhyun"

"kyungsoo အ့လိုမဟုတ်....."

"အကုန်လုံးငါ့ကိုလိမ်ခဲ့တာလား"

အခန်းထဲကလူတွေအကုန် ခေါင်းငိုက်ကျသွား သည် ဘာပြောနိုင်မှာလဲ အကုန်လုံးကအလိုတူ အလိုပါတွေပဲလေ တိုက်ဆိုင်ပြီးရောက်လာတဲ့ luhan ကလွဲလို့ပေါ့

"umm ငါမပါဘူးနော် kyungsoo"

လက်ထောင်ပြီးပြုံးပြနေတဲ့ luhan ဆီကိုဟို နှစ်ယောက်ရဲ့အကြည့်တွေက ဒိုင်းခနဲရောက် လာတော့ ချက်ချင်းလက်ပြန်ချလိုက်ရသည်
kyungsoo ကတော့အခုချိန်ထိ အံ့သြနေပုံလေး ...

"မင်းဘယ်သူလဲ ငါသိတဲ့ baekhyun ကဒီလိုလူတွေကိုသိစရာအကြောင်းမရှိဘူး"

" ငါပါပဲ မင်းသိတဲ့ baekhyun အစစ်ပဲ kyungsoo ကျေးဇူးပြုပြီးငါပြောတာ နားထောင်ပါကွာ"

ဝမ်းနည်းနေတဲ့ kyungsoo နားကို Kai သွားဖို့ပြင်လိုက်ပေမယ့် kyungsoo  စကားကြောင့်ရပ်သွားသည်

Prominent of Love [Completed]Where stories live. Discover now