♡ Part 7 ♡

3.2K 341 29
                                    

အိမ်ထဲရောက်တော့ ဟိုကြည့်ဒီကြည့်နဲ့ လှည့်ပတ်ကြည့်မိသည်

" မင်းက ငါနဲ့တူတူနေရမယ် "

kai စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ် သွားသည်

" ငါတစ်ယောက်ထဲ နေလို့မရဘူးလား "

kai စိုက်ကြည့်လိုက်တဲ့ အကြည့်ကြောင့် သူပါး စပ်အလိုလိုပိတ်သွားသည်

" တစ်ယောက်ထဲနေခိုင်းတော့ရော မင်းက ထွက်ပြေးမှာလေ "

ခုပဲစိတ်ထဲတွေးနေတာ အခန်းတစ်ခန်းရရင် မသိအောင်ထွက်ပြေးမယ်လို့ shi သူကဘာလို့ အမြဲကြိုသိနေတာလဲ

" နေခဲ့ဦး ဒီမှာ ငါလုပ်စရာရှိသေးတယ် ထွက်ပြေးဖို့ မစဉ်းစားနဲ့ "

kyungsoo ခမျာနဂိုထဲက လန့်နေပါတယ်ဆို မှ ခြိမ်းခြောက်နေတဲ့ kai စကားကြောင့် ပိုရင် တုန်သွားသည် ဒါသူ့အိမ်လေ ဘာတွေဘယ် လိုလုပ်ထားလဲမသိဘူး အခြေအနေကြည့်ပြီးမှ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်သည်

" kyungsoo "

တွေးနေတုန်း ရုတ်တရက်ထွက်လာတဲ့ အသံ ကြောင့် မလုံမလဲဖြစ်ပြီး စကားတွေမှားကုန်သည်

" huh ?ေ.. ပြော "

သူ့ကို မယုံကြည်သလို kai ကမျက်မှောင်ကျုံ့ ပြီး ကြည့်လာသည် အနားကို လျှောက်လာ တော့ Kyungsoo ကြောက်စိတ်က တဖြည်း ဖြည်းပိုလာသည်

" ဘာထိုင်လုပ်နေတာလဲ ပစ္စည်းတွေချလေ "

" အော် အင်း "

ထပြီး အပေါ်တက်မလို့ ပြင်ပြီးမှ အခန်း မသိတာကြောင့် ရပ်သွားပြီး TV ကြည့်နေတဲ့ kaiကို လှမ်းမေးရသည်

" အခန်းက ဘယ်မှာလဲ "

" အပေါ်ထပ်က အခန်း အ့အခန်းတစ်ခန်းပဲ ရှိတယ် "

ခေါင်းညိမ့်ပြလိုက်ပြီး အပေါ်ထပ်ကို မနိုင်မနင်း သယ်ပြီးထွက်လာလိုက်သည် eww လေးလိုက် တာ အခန်းထဲရောက်တော့ ပါးစပ်အဟောင်း သားဖြစ်သွားသည် woo သူချမ်းသာတာပဲ အေးလေ ပြန်ပေးဆွဲတာ ပိုက်ဆံအများကြီးရ မှာပေါ့ အနက်ရောင်ကုတင်ကြီးပေါ်တက်ထိုင် လိုက်သည်

" ဘာလဲ ငါ့အိမ်ကပစ္စည်းတွေ အကုန်ထည့် လာတာလား ? "

ပစ္စည်းတွေ တစ်ခုချင်းထုတ်နေရင်း ရေရွတ်မိ သည် ဘာတွေလဲ မလိုတာတွေပါထည့်လာ တယ် ဒါတွေက မကောင်းတော့ဘူးလေ

Prominent of Love [Completed]Where stories live. Discover now