ဘေးပတ်ဝန်းကျင်ကို တချက်အကဲခတ်ပြီး ကား
ထဲက ထွက်လာလိုက်သည် ကားနောက်ဖုံးကို ဖွင့်ကြည့်လိုက်တော့ kyung soo က အိပ်
ပျော်နေတယ် ဘယ်လိုဟာလေးလဲ ? သူ့ကို ဖမ်းလာတာတောင် မကြောက်ဘူးလား မသိဘူး
အိပ်နေနိုင်သေးတယ် kyung soo ပါးစပ်ကို စည်းထားတဲ့အဝတ် ဖြည်ပေးလိုက်တော့ လန့်
နိုးလာတယ် ထင်တယ်kyung ; အင် ဒါဘယ်နေရာလဲ ?
အိပ်ရေးမဝသေးတဲ့ ပုံစံနဲ့ မျက်လုံးကို ပွတ်ပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေတဲ့ kyung soo ကြောင့် ရယ်မိတယ် သူအဖမ်းခံနေရတာ
ကို သတိရသေးရဲ့လား ? သူ့ကို ဖမ်းထားတဲ့ ကြိုးတွေ ဖြည်ပေးလိုက်တော့မှ အဖမ်းခံနေရ
တာ ပြန်သတိရတယ်ထင်တယ် မျက်လုံးဝိုင်း
ဝိုင်းလေးတွေထဲမှာ ကြောက်ရွံ့မှုတွေ ပြန်တွေ့ နေရတယ်kai ; ထွက်လာခဲ့
kyung soo အပြင်ထွက်လိုက်ပေမယ့် ခြေတွေ လက်တွေက လှုပ်မရ ကြိုးတုပ်ထားတာ ဆိုတော့ ထုံနေတယ် ချက်ချင်းသွေးမလျှောက် သေးဘူး
kyung ; ဆင်းလို့မရဘူး ငါ့ခြေထောက်တွေ လှုပ်မရတော့ဘူး
သူ့စကားကို ခါးထောက်ကြည့်နေတဲ့ kai က အရေးမကြီးသလိုနဲ့ ကားနောက်ဖုံးကို ပြန်ပိတ်ဖို့ လုပ်တယ်
kyung ; ဘ…ဘာလို့ ပြန်ပိတ်တာလဲ ?
နောက်ဖုံးကို ခြေထောက်နဲ့ ကန်ထားပြီး kyung soo အလန့်တကြား မေးမိတယ်
kai ; ဆင်းလို့မရဘူးဆို ! နေခဲ့ပေါ့ ဒီမှာပဲ ! ငါသွားတော့မယ်
kyung : နေ…နေဦး ! ငါဆင်းလို့ရပါတယ်
တော်သေးတာပေါ့ ခြေထောက်ပြန်လှုပ်လို့ ရပြီ
ကားနောက်ဖုံးထဲကနေ ထွက်ပြီး ထွက်ပြေးမလို့ စဉ်းစားလိုက်ပေမယ့် အချိန်မကျသေးဘူး အခွင့် ရေး ထပ်စောင့်ရမယ်kai ; ရော့ !
လက်ထဲကို ရောက်လာတဲ့ အဝတ်အိတ်ကို ကြည့်ပြီး kai ကို နားမလည်စွာ ပြန်ကြည့်လိုက် သည်
kai ; အ့တာ မင်းအဝတ်အစားတွေလေ သယ်လာခဲ့ ထွက်ပြေးဖို့စဉ်းစားနေတာဆိုရင် ခေါင်းထဲက ထုတ်ပစ်လိုက်တော့ အသုံးမဝင်ဘူး