♡ Part 11 ♡

3K 351 10
                                    

"Kai "

ဘာသံမှ ပြန်ဖြေသံမကြားရ .. ထူးဆန်းတယ် အရင်ကလို နောက်ကနေ ရောက်လာမလား
ခေါင်းကို လှစ်ခနဲ နောက်လှည့်ကြည့်လိုက်ပေ မယ့် ဘာမှမရှိ .. Umm? ဘယ်ရောက်နေပါ လိမ့်! ထမင်းစားခန်းထဲဝင်ကြည့်သည် အ့မှာလည်း ရှိမနေ ..တစ်အိမ်လုံးနှံ့နေပြီ ..
Ahh သူ့အခန်းကျန်သေးတာပဲ

Kai အခန်းတံခါးရှေ့မှာ ရပ်နေရင်းစဉ်းစားမိ သည် အိပ်နေလို့နိုးမိသွားရင် ဘယ်လိုလုပ်မလဲ ထားလိုက်ပါတော့လေ သူပြန်ထွက်မလို့ ခြေတစ်လှမ်းလှမ်းရုံပဲရှိသေးသည် အခန်းထဲက ညည်းသံသဲ့သဲ့ကြားလိုက်ရတော့ Kyungsoo ခြေလှမ်းတွေ ရပ်တန့်သွားသည် အခန်းရှေ့ရပ် ပြီး တံခါးနားကိုနားကပ်ကာ သေချာနားထောင် မိသည် သေချာပါတယ် သူကြားလိုက်မိတာ
ဖျားနေတာလား !!

"Kai ya ! Kim Kai !"

တံခါးကို ခပ်ပြင်းပြင်းခေါက်နေပေမယ့်လည်း ညည်းသံကလွဲလို့ ဘာမှပြန်ဖြေသံမကြား... တံခါးလက်ကိုင်ဘု လှည့်လိုက်တော့ lock ချမထားတာနဲ့ တန်းဝင်လာခဲ့သည် ကုတင်ပေါ် မှာလည်းမရှိ .. သေချာနားစွင့်ကြည့်လိုက် တော့ ရေချိုးခန်းထဲက အသံထွက်လာတာ
သူဘာမှစဉ်းစားမနေတော့ပဲ ပြေးသွားလိုက် သည်

"ah ဒီအကောင်ကလည်း Lock ချထားရလား သူ့ကို ဘယ်သူချောင်းမှာစိုးလို့လဲ !"

ခပ်ဝေးဝေးကနေ အရှိန်ယူကာ ပြေးလာပြီး တံခါးကို တိုက်ဖွင့်လိုက်သည် ဝုန်းခနဲမြည်သွား ပေမယ့် kyungsoo ပဲ ဖင်ထိုင်ရက်လဲကျသွား သည် တံခါးကမပွင့်သေး .. သောက်တံခါးက သံမဏိနဲ့လုပ်ထားလားဟ စိတ်တိုတိုနဲ့ ဆဲမိသည် ညာဘက်လက်မောင်းရိုးက နာကျင်မှုကို လျစ်လျူရှုပြီး နောက်တစ်ခေါက် အရှိန်ယူလိုက်ကာ ပြေးတိုက်လိုက်သည်

"အွန့် ! နာတယ်ကွ !"

တံခါးကတော့ လူလိုတော့ အသံမထွက် လောက်ပါဘူးနော် kyungsoo လန့်ပြီးမော့ကြည့် မိတော့ သူရောက်နေတာ ကျယ်ပြန့်တဲ့ရင်ခွင် ထဲမှာ ..

               *******

Kai ရေချိုးနေရင်း ရုတ်တရက်ကြီး ချမ်းတက် လာတာကြောင့် ညည်းမိသည် ငါဖျားတော့မှာ လား ? ရေသံနဲ့ ဆူညံနေတာကြောင့် အခန်း အပြင်က ခေါ်သံလိုလိုကြားလိုက်ပေမယ့် ကြောင်အော်သံပဲထင်လိုက်မိသည် အခုရက်ပိုင်း တောကြောင်တွေ အိမ်နားရောက် နေတတ်တယ်

Prominent of Love [Completed]Where stories live. Discover now