♡ Part 9 ♡

3.3K 377 14
                                    

kyung soo အပေါ်ကိုရောက်တာနဲ့ တံခါးကို သေချာ lock ချပြီး ကုတင်ပေါ်ခုန်တက်ကာ စောင်အောက်ထဲဝင်နေလိုက်သည် ခုထိ ရင်တွေ ဒုတ်ဒုတ် ဒုတ်ဒုတ် ခုန်နေတုန်း ...

ခုနက အဖြစ်တွေက သူ့ကိုခြောက်လှန့်နေဆဲ .. သူ့အိပ်မက်က တကယ်လား ? ဖြစ်လာမှာ ကိုပြနေတာလား ? သူဘာမှမသိ ... ခုချိန်သိ တာ ဒီနေရာက လွတ်မြောက်ဖို့ .. ဟုတ်တယ် ထွက်ပြေးရမယ် ဒါပေမယ့် ဘယ်လိုထွက်ပြေးရ မလဲ ? တွေးနေရင်း မျက်ခွံတွေလေးလာပြီး အိပ်ပျော်သွားသည်

                  *******

Kai lock ချထားတဲ့ အိပ်ခန်းတံခါးကို သော့နဲ့ ဖွင့်ပြီးဝင်လာသည် အခန်းထဲကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ Kyungsoo ကိုတွေ့လိုက်သည်

"သူ့ကို သတ်မှာတော်တော်ကြောက်လား ?"

ကုတင်ပေါ်မှာ ဒူးနှစ်ဖက်ပိုက်ပြီး အိပ်ပျော်နေ တဲ့ kyungsoo နားလျှောက်သွားလိုက်သည် စောင်ကို အသာဖယ်ပြီး လှဲအိပ်ခိုင်းလိုက်သည်
" သူဟောက်နေတာလား ? "

kyungsoo ဆီက ဟောက်သံသေးသေးလေးတွေ ကြားတော့ အသံထွက်မရယ်မိအောင် ထိန်းထားရသည် အော် ငါကတော့ ကြောက်လို့ ငုတ်တုပ်အိပ်ပျော်နေတယ် ဆိုပြီးသနားနေတာ သူက ဟောက်နေသေးတယ် ... တော်တော် ထူးဆန်းတဲ့လူပဲ စိတ်ချလက်ချအိပ်နေတယ် သူတွေးသလို ငါသူ့ကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ ခေါင်းအသာရမ်းပြီး အခန်းထဲက ပြန်ထွက်လာလိုက်သည်

                  ******

Kai ထွက်သွားမှန်းသိတာနဲ့ မှိတ်ထားတဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲဖွင့်လိုက်သည် တော်သေးတာပေါ့ သူအိပ်ပျော်နေတယ် ထင်အောင် တမင်ဟောက်သံပေးလိုက်တာ
Kai ဆီကလွတ်ပြီဆိုတာနဲ့ အခန်းထဲက ပြတင်းပေါက်ဖွင့်လိုက်သည်

" Hum .. သိပ်မမြင့်ပါဘူး "

ပြတင်းပေါက်ဘောင်ပေါ် ခြေတစ်ဖက်ခွထိုင် ရင်း အခြေအနေကြည့်လိုက်သည် အခြေအနေ Ok ပဲ တလှမ်းချင်းသေချာ နံရံဘေးက ပိုက်လိုင်း ဒစ်လေးတွေကို နင်းပြီးဆင်းလာ တုန်း ပိုက်လိုင်းက ကျွီဆိုတဲ့ အသံကြားလိုက်ရ သည် ဘုရားရေ ပြုတ်ပြီလား ?

" ဘာလုပ်နေတာလဲ kyungsoo ! "

အောက်က Kai အသံကြားလိုက်တော့ ပိုက်လိုင်းကို မတရားဖက်တွယ်ထားမိသည် ဒုက္ခပဲ အလယ်မှာ တန်းလန်းကြီး ဖြစ်နေပြီ မဝံ့မရဲနဲ့ အောက်ငုံ့ကြည့်လိုက်တော့ Kai က သူ့ကို လက်ပိုက်ပြီး စောင့်ကြည့်နေသည်

Prominent of Love [Completed]Where stories live. Discover now