♡ Part 19 ♡

2.4K 231 13
                                    

မျက်​စိ​ရှေ့က laptop ကို ​ပေါက်​ထွက်​မတတ်​ စူးစူးဝါးဝါး ထိုင်​ကြည့်​​နေလိုက်​သည်​ .. သူ့စိတ်​ထဲမှာ အမုန်း​တွေအပြည့်​ .. ​ဒေါသထွက်​မှု​တွေအပြည့်​ .. ဘယ်​သူ့မှ ပုံချစရာမရှိ​တော့ သူ့ကိုပို​ဒေါသထွက်​​အောင်​ လုပ်​မိတဲ့ laptop စီကိုပဲ ​ဒေါသ​တွေစုပြုံ​ရောက်​သွားသည်

တလိပ်​လိပ်​တက်​လာတဲ့ ​ဒေါသနဲ့အတူ ​ခေါင်းကိုက်​မှုက လိုက်​ပါလာ​တော့ နားထင်​ကိုအသာပွတ်​မိသည်​ .. ​စားပွဲခုံ​ပေါ်က ​ရေခဲ​ရေကို ​မော့​သောက်​လိုက်​သည်​ .. ​အေးခနဲဖြစ်​သွား​ပေမယ့်​ စိတ်​ထဲက ​ဒေါသအပူမီးကို ​တော့ ​အေး​အောင်​မလုပ်​နိုင်​​သေး..

မ​နေ့က သူတို့အတူတူ​သောက်​ကျသည်​ .. မနက်​​ရောက်​​တော့ ​ဘေးမှာ jongin ရှိမ​နေ ..

kyungsoo ..
             ပြန်​လာခဲ့မယ်​ အလုပ်​ရှိလို့
See you soon ..
                               Jongin

အ့လို သုံးစားမရတဲ့ စာရွက်​တရွက်​ကသာ သူ့ကို good morning လုပ်​ပြ​နေသည်​ .. ​ရေးထားတာကလဲ သုံး​ကြောင်းထဲ!!!! .. အိမ်​မှာလဲ ဘယ်​သူမှရှိမ​နေ .. သုံးယောက်​သား ​ပျောက်​ချင်းမလှ​ပျောက်​သွားသည်

ဒီလိုဆို​တော့လဲ မဖြစ်​​တော့ .. kyungsoo ထိုင်​မ​နေနိုင်​ပါ.. ​နောက်​​ဆုံး အကြံ​ပေါင်းစုံထုတ်​ရင်း jongin ph ကို ​ခြေရာခံဖို့အကြံရသွားသည်​ .. တခါမှ မလုပ်​ဖူး​ပေမယ့်​ကြိုးစားရမှာ​ပေါ့



----------------------------------




ထိုင်​ကြည့်​သည်​ .. မရ .. မတ်​တပ်​ရပ်​ကြည့်​သည်​ .. ဒါလဲမရ​သေး .. ဆိုဖာ​လက်​တန်း​ပေါ်ကို ​ခြေဖျား​ထောက်​ပီးရပ်​ကြည့်​သည်​.. မရ​သေး .. ​ဝရံတာ က​​နေ ​ကျော်​ကြည့်​သည့် ... ​​နည်းနည်း​တော့ရသွားသည်​  ဒါ​​ပေမယ့် အရှိန်​လွန်​ပီး​လက်​​တော့လွတ်​ကျမလိုဖြစ်​သွား​တော့ ​ကြောက်​လန့်​တကြားနဲ့ အမြန်​ဖမ်းလိုက်​ရသည်

သူပါ ဝရံတာက တဝက်​​ကျော်​သွားသည်​ .. တဒိန်းဒိန်း ခုန်​​နေတဲ့ ရင်​ကို အသာထိန်းပီး တုန်​တုန်​ရီရီနဲ့ အိမ်​ထဲပြန်​ဝင်​လာသည်​ .. အခန့်​မသင့်​ရင်​ ​သေ​တော့မလို့ .. နှစ်​ထပ်​​ပေါ်ကပြုတ်​ကျရင်​ နာမှာကို​တွေးရင်း kyungsoo တံ​တွေးမျိုချမိသည်

Prominent of Love [Completed]Where stories live. Discover now