♡ Part 8 ♡

3.2K 385 23
                                    

" kyungsoo kyungsoo !! "

ပုခုံးက လှုပ်နိုးခံရမှုနဲ့အတူ လန့်နိုးလာသည် သူ့တစ်ကိုယ်လုံးလဲ ချွေးတွေရွှဲလို့ ... ဘေးကို ကြည့်လိုက်တော့ လန့်နေပုံပေါ်တဲ့ kai ကိုတွေ့လိုက်သည် သူနိုးလာတာမြင်တော့မှ သက်ပြင်းချပြီး ကုတင်ပေါ်ပစ်လှဲလိုက်သည်

" ငါကမင်း allergic ဖြစ်နေပြန်ပြီ မှတ်နေ တာ တော်သေးတာပေါ့ လန့်သွားတာပဲ "

kyungsoo ကတော့ ခုထိ kai ကိုကြောင်ကာ ငေးနေမိတုန်း ... ခုနကအဖြစ်ကို သတိရတော့ အလန့်တကြားကို ဗိုက်ကိုငုံ့ကြည့်မိသည် ဘာဒဏ်ရာမှ မရှိ ဘာသွေးမှလည်းပေမနေ အိပ်မက်လား ? ငါမသေဘူးပေါ့ ဟားဟား ငါမသေတော့ဘူး

ကိုယ့်အတွေးနဲ့ကို ရယ်နေပြီးမှ ဘေးက kai ကိုသတိရလိုက်သည် မသိမသာကြည့်လိုက် တော့ kai က မျက်စိမှိတ်ပြီး အိပ်နေသည် တော်သေးတာပေါ့ နောက်မို့ဆိုရင် ခုနကပဲ လန့်လိုက် အခုရယ်လိုက်နဲ့ဆိုတော့ သူ့ကိုရူး နေပြီလို့ ထင်မလားမသိ

" အိပ်မက်ဆိုးလား ? "

လှဲနေတဲ့ kai ကိုတချက်ငုံ့ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်

" အင်း "

ကုတင်ဘေးက ခုံမှာ တင်ထားတဲ့ ရေကို မော့သောက်လိုက်ရင်း ပြန်လှဲအိပ်လိုက်သည် နေပါဦး kim kai ရှိနေတုန်းပဲ

" မင်းက ဘာလာလုပ်နေတာလဲ ? "

သူ့အမေးကြောင့် မှိတ်နေတဲ့ kai မျက်လုံး တွေပွင့်လာပြီး သူ့ကိုကြည့်နေသည်

" ဒါငါ့အိမ်လေ ငါ့ဟာငါ ဘာလုပ်လုပ်ပေါ့ "

kyungsoo တစ်ခုခုပြန်ပြောမလို့ ပါးစပ်ဟ လိုက်ပေမယ့် ပြန်ပိတ်လိုက်သည် အေးလေ ဒါသူ့အိမ်ပဲကို ... သူ kai ကိုကျောပေးပြီး တဖက်လှည့်အိပ်လိုက်သည် ခုထိလန့်တာ မပြေသေး kai သူ့နောက်မှာရှိနေတာကို သိပ်ကျောမလုံဖြစ်နေသည် အိပ်မက်ထဲကလို သူ့ကိုသတ်လိုက်ရင် ဘယ်လိုလုပ်မလဲ ? အ့အခန်းကရော ဘယ်နားကဟာကြီးလဲ အပြင် မှာတကယ်ရှိတာလား ?

မအိပ်နိုင်ပဲ သက်ပြင်းမောတစ်ခုသာ ချမိသည် သူအိပ်မပျော်ပဲ ဟိုလိမ့်ဒီလိမ့်ဖြစ်နေသည် kai ကိုလည်းသွားမကြည့်ရဲ ... သူအိပ်ပျော်သွားလို့ သတ်ရင်ဘယ်လိုလုပ်မလဲ ? မဖြစ်ဘူး ဒီညမအိပ်ဘူး အိပ်မပျော်အောင် တစ်ညလုံးနေ ရင်း မိုးလင်းခံနီးမှ မျက်လုံးတွေမခံနိုင်တော့ပဲ အိပ်ပျော်သွားသည်

Prominent of Love [Completed]Where stories live. Discover now