♡ Part 12 ♡

3K 347 13
                                    

Baekhyun သက်ပြင်းချနေမိတာ အခုဆို အကြိမ်တစ်ထောင်မက ရှိနေပြီ သူဘာမှလည်း လှုပ်ရှားလို့မရဘူးလေ ဘယ်ရမလဲ Park Chanyeol ဆိုတဲ့ရဲက သူ့ကို အဆက်မပြတ် စောင့်ကြည့်နေတာ .. အခုလည်းကြည့် ဘေးနားမှာ ထိုင်နေတယ်

မနက်ထဲက စိတ်ပြေလက်ပျောက် ပန်းခြံထဲမှာ ထိုင်ပြီး လူတွေသွားနေတာကို ထိုင်ကြည့်နေမိ တာ..ဘာရယ်လို့တော့ မဟုတ်ပါဘူး အ့တာ သူ့အကျင့်တစ်ခုလို ဖြစ်နေပြီ ..သူ့ကမ္ဘာလေး က ငြိမ်းချမ်းနေတာ Park Chanyeol ရောက် မလာခင်အထိပဲ

"အ့တော့ မင်းရဲဖြစ်တာ ဘယ်လောက်ရှိပြီလဲ"

အနေရခက်တဲ့ တိတ်ဆိတ်မှုကိုမလိုချင်တာနဲ့ သူအရင်စမေးမိသည် ဒီအခြေအနေက အရမ်း ထူးဆန်းနေတာပေါ့ ဒါပေမယ့် ရန်သူကို အနီးကပ်စောင့်ကြည့်တာ အကောင်းဆုံးပဲလေ

"ငါက ဘာလို့ဖြေရမှာလဲ"

သူ့ကို မျက်မှောင်ကျုတ်ပြီး မေးနေတဲ့ chanyeol ကြောင့် အသာခေါင်းရမ်းမိသည် သူတကယ် ကလေးဆန်ပါလား

"တခြားသူတစ်ယောက်ရဲ့ မေးခွန်းကို အ့လိုပြန်ဖြေတာ မရိုင်းလွန်းဘူးလား "

"သာမန်လူအတွက်ဆိုရင်တော့ မင်းပြောတာ မှန်တယ် ဒါပေမယ့် ကိုယ့်ရန်သူအတွက်ဆိုရင် တော့ မလွန်ဘူး"

သူရယ်မိတော့ မကျေမနပ်နဲ့ပြန်မေးလာသည် Park Chanyeol တကယ်ကို ကလေးသာသာပဲရှိ တယ် ဒီလောက်ဆို သူခန့်မှန်းလို့ရပါပြီ Chanyeol ရဲဖြစ်တာ ဘယ်လောက်မှမကြာသေး ဘူး

"ဘာလို့ရယ်နေတာလဲ ရယ်စရာမပါဘူး"

chanyeol မေးခွန်းကို အရေးမစိုက်ပဲ ပန်းခြံထဲက လူတွေကိုသာ ပြန်ငေးမိသည် ဆော့ကစားနေ တဲ့ မိသားစုတွေကို သူငယ်ချင်းတွေကို တွေ့တော့ သူအလိုလိုပြုံးမိပြန်သည် တစ်နေ့နေ့တော့ သူလည်း မိသားစုဘဝလေး ရနိုင်မယ်ထင်တာပဲ အခုလိုနေရတာ ပင်ပန်းလွန်းနေပြီ .. ဘယ်တတ်နိုင်မလဲ ကိုယ် ရွေးချယ်ခဲ့တဲ့လမ်းပဲ ကိုယ့်တာဝန်ရှိသေးတယ်

" HELLO !Byun Baekhyun !"

အော်သံကြားမှ သတိပြန်ဝင်လာသည် Chanyeol က သူ့မျက်စိရှေ့လက်ပြနေရာက သူသတိပြန် ဝင်လာမှန်းသိတော့ ခုံပေါ်ပြန်မှီထိုင်လိုက်သည်

Prominent of Love [Completed]Where stories live. Discover now