အိမ်မက် ၂

20 1 0
                                    


     ကျမ အိမ်ရှေ့တွင် ပိတောက်ပန်းတွေဝေနေသည်။

မြေသင်းနဲ့နှင့်အတူ ပိတောက်ပန်းရနံ့ကို ကျမရနေသည် ။

ကျမသည် နံ့သာရေရောထားသော သပြေခွက်နှင့် အိမ်ရှေ့ခုံတန်းတွင်ထိုင်နေသည် ။

    သူက…" ပိတောက်ပန်းခူးပေးရမလား"ဟု

ို မေးကာ ရေအေးဖလားတစ်ခွက်နှင့် ကျမဆီလာနေသည်။

     ကျမနိုးလာသောအခါ အိမ်မြှောင်တွေ ကျွတ်ထိုးနေသည်။ ပန်ကာက လေမရ ။ ရေခွက်ထဲတွင်မူ ရေတစ်စက်မှမရှိ ။ ကျမ ပူလောင်မွန်းကျပ်လာသည် ။ ရေမသောက်ရသောကြောင့်တော့ မဖြစ်တန်ရာ။

   သူကတော့ တခြားသူတစ်ယောက်အားရင်ခွင်ထဲထည့်ကာ အေးချမ်းစွာအိပ်နေလိမ့်မည် ။

  ကျမကတော့ ပန်းတောက်ပန်းပွင့်မည့်နေ့ကို မအိပ်ပဲ စောင့်နေသည် ။

  သူ ပိတောက်ပန်းနံ့တွေ ရပါစေ။

အိမ်မက်မက်သူTahanan ng mga kuwento. Tumuklas ngayon