အပိုင်း[၂၈]

5.2K 742 113
                                    


Unicode....

သား.. အိပ်ပျော်သွားမှပဲ.. စာဖတ်ခန်းထဲကို..
ရီရှင်းထွက်လာလိုက်သည်။
ဂျွန်မြောင်က..အတော်စိတ်ဆိုးပြီး.. စကားတောင်သူ့ကို...
မပြောတော့ပါ။
ခုတော့ သားအိပ်ချိန်ကိုစောင့်ပြီး.. ပွဲကြမ်းတော့မည်
ထင်သည်။
ထိုးကြိတ်ရုံမကလို့.. သတ်ပစ်ရင်တောင်..
သူလည်စင်းပေးလိုက်မည်။
အန်တီလေးနဲ့.. စကားအခြေအတင်ဖြစ်နေတာမို့...
သားဆီ ပြန်ဖို့နောက်ကျသွားရသည်။
အိမ်ပြန်ရောက်တော့
မမျှော်လင့်ထားတဲ့ အဖြစ်က စောင့်ကြိုနေသည်။
အသုံးမကျတဲ့ အဖေကြောင့်.. သားမှာ..
ထိခိုက်ရသည်။စိတ်ဓာတ်ကျလွန်းလို့..
ခြေပစ်လက်ပစ်.. ဒုံးဒုံးချလိုက်ချင်ပေမယ့်..
သူ... ပြိုလဲပြရင်... ဂျွန်မြောင်..ပိုဆိုးလိမ့်မည်။
ကိုယ့်ကိုအပြစ်တင်ပြီး.. စိတ်ဓာတ်ကျနေရုံနဲ့..
အရာအားလုံး..အဆင်ပြေသွားမှာမဟုတ်..သလို
သားလေးလက်လည်း...ချက်ချင်းကောင်းလာမဟုတ်ဘူးလို့တွေးပြီး..
မိသားစုကို.. ပိုပြီး..အချိန်ပေးဂရုစိုက်နိုင်အောင်ကြိုးစားရမည်။

"ဂျွန်.."

စာဖတ်ခန်းထဲမှာ..ထိုင်နေတဲ့.. ဂျွန့်ဆီသွားပြီး..
ခေါ်လိုက်သည်။
ဂျွန်က.. လက်ထဲက စာအုပ်ကို.. အသာချပြီး..
သူ့ကိုမော့ကြည့်သည်။

"ထိုင်..ရီရှင်း... ငါပြောစရာရှိတယ်.."

သူ..ဝင်ထိုင်ရင်း.. ဂျွန်ဘာပြောမလဲ.. နားစွင့်နေလိုက်သည်။
သူ့ဆီက.. အကြည့်လွဲပြီး.. ဂျွန်က ..ကြမ်းပြင်ကိုပဲ
ငြိမ်ပြီး..စိုက်ကြည့်နေသည်။
ဂျွန့်ကို.. ရီရှင်း..သိပ်မသင်္ကာတော့ပါ..။

"ဂျွန်"

"ငါတို့... ငါတို့လမ်းခွဲရအောင်..ရီရှင်း.."

"ဟင်"

"ဟုတ်တယ်... ငါအတည်ပြောနေတာ..
ငါတို့ လမ်းခွဲလိုက်ရင်.. ပြဿနာတော်တော်များများ..
ဖြေရှင်းပြီးသား..ဖြစ်လိမ့်မယ်..."

သူ.. သက်ပြင်း..လေးလေးပင်ပင်ပဲမိသည်။
ဂျွန်..သူ့ကို တော်တော်ကြီးကို.. စိတ်ဆိုးနေသည်။
လမ်းခွဲဖို့ စကားအထိထွက်လာတော့..
သူ့ကို..တစ်ခုခု အထင်လွဲနေပုံရသည်။

"ကိုယ့်ကို.. ဒေါသထွက်ရုံနဲ့.. လမ်းခွဲဖို့ထိတော့..
မတွေးပါနဲ့..ဂျွန်ရာ...
ဒီကိစ္စမှာ..ကိုယ်လည်း..အရမ်းခံစားရတာ...
အခက်အခဲကြုံတိုင်း... လမ်းခွဲစကားမပြောနဲ့..
ကြာရင်.. အဲ့လိုပြောတာအကျင့်ပါလိမ့်မယ်..."

Who Loves More?[Season One]Where stories live. Discover now