အပိုင်း[၂၄]

5.1K 725 142
                                    

Unicode....

ကစားရတာ မောပြီး အိပ်ပျော်သွားတဲ့ သားကို... ရီရှင်းငေးရင်းဆံပင်လေးတွေကို..သပ်ပေးနေမိသည်။
အဖေနှစ်ယောက်ရဲ့ ခပ်ကြိတ်ကြိတ်ရန်ပွဲကို
နားမလည်ရှာတဲ့ သားကတော့..ပျော်လို့ရွှင်လို့..။
သူငယ်ချင်းရယ်..ကစားဖော်ရယ်လို့တောင်..
မရှိရှာတဲ့သားကို အချိန်လည်းမပေးနိုင်တော့
သနားမိသည်။
သားအတွက် .. ဂျွန်အတွက်..လို့..
တတွတ်တွတ်ရွတ်ပြီး.. အားတင်းကြိုးစားနေရင်းက
ချစ်ရသူတွေကို..ပျော်ရွှင်မှု ပေးနိုင်မယ့်အချိန်တွေ လျော့ပါးလာရသည်။
ထိတွေ့ရတဲ့ အချိန်တွေနည်းပေမယ့်
သူ့ကို..တွယ်တာရှာတဲ့သားလေးအပေါ်..
ကျူးလွန်မိတဲ့..အပြစ်တွေက ကြီးမားသည်။
အဆင်သင့်မဖြစ်သေးဘဲ..မပြည့်စုံတဲ့ဘဝထဲ
သားကို ဆွဲသွင်းမိတာတည်းကစပြီးမှားခဲ့သလားမသိ။
အစတည်းက.. ဂျွန်မြောင်နဲ့.. ဆင်ခြင်ပြီးနေခဲ့ရင်..
သားလေးက ဒီလိုအိမ်ငှားဘဝနဲ့..
အဖေ့ရဲ့ အချိန်ပိုင်းအလုပ်ကို..
တကောက်ကောက်လိုက်ရင်း..ကြီးပြင်းရမှာမဟုတ်။

"သားကို.. ပါပါးတောင်းပန်ပါတယ်..သားရယ်.."

သားကို... ချီပိုးပြီး.. အိပ်ခန်းထဲပြန်ဝင်လာတော့..
ဂျွန်က စောင်ကို ခေါင်မြီးလုံအောင်ခြုံကာ..
ကွေးနေသည်။
ဘေးက အတန်းလေးနဲ့ကလေးကုတင်ထဲ သားကို ထည့်ပြီး...အပေါ်က စောင်ပါးလေး ထပ်ခြုံပေးလိုက်သည်။
သားက တစ်ချက်လူးလွန့်ပြီး.. ဟိုဘက်လှည့်ကာ.. ပြန်အိပ်ပျော်သွားသည်။

သူကုတင်ပေါ်တက်လိုက်တော့..ပိုကျုံသွားနေတဲ့..
ဂျွန့်ရဲ့ ကိုယ်ဟန်အနေအထားကြောင့်..
ဂျွန် အိပ်မပျော်သေးမှန်းသိလိုက်သည်။
အနောက်ကနေ ခပ်ဖွဖွသိုင်းဖက်ပြီး..
ဂျွန့်ရဲ့ကျောပြင်ကို အသာရှိုက်နမ်းလိုက်သည်။
အားနာတယ်ဆိုတဲ့ စကားကြောင့်.. ဂျွန့်ကို..
ရီရှင်း..တကယ်ပဲစိတ်တိုမိသည်။
အဖက်ဖက်က ဖိစီးမှုကြောင့် ပုံမှန်ထက်...
စိတ်ဆတ်နေတဲ့ အခြေအနေမှာ..
ရုတ်တရက် မထိန်းချုပ်နိုင်ဘဲ...ဂျွန့်ကို..
လိုတာထက်ပိုပြီး..စိတ်ဆိုးလိုက်မိသည်။

သူ့ဘက်ကို လှည့်မလာတဲ့..ဂျွန်နောက်ကျောလေးကို...
ဖက်ထားရင်း..အိပ်ပျော်ဖို့ ကြိုးစားရသည်။
ကြုံတွေရသမျှကို.. လောကဓံပဲလို့..
ကြိတ်မှိတ်တွေးတောရင်းနဲ့...
ဖြေသိမ့်နိုင်ဖို့ ကြိုးစားရသည်။
ဘာကြောင့် ဒုက္ခတွေ စုပြုံလာလဲ ဆိုတာ..
မတွေးတတ်တော့ပါ။
New Yorkမှာ.. မားမားတို့ စုံတွဲနဲ့...
တည့်တည့်ဆုံလိုက်ရတာက..စတင်သည်။
ပါးပါးက ရီရှင်းကို...စွန့်လွှတ်လိုက်တည်းက..
မားမားကိုလည်း.. ငွေဆက်မပေးတော့တာဖြစ်မည်။
ငယ်ရွယ်ပြီးလက်ကြောမတင်းတဲ့ နောက်ယောက်ျားရဲ့.. ဖြုန်းတီးမှု ဆိုးသွမ်းမှုတွေကို မားမားက..ခါးစည်းခံနေပုံပေါ်သည်။

Who Loves More?[Season One]Where stories live. Discover now