အပိုင်း[၈]

5.6K 577 20
                                    


Unicode....

"ရီရှင်း...မသောက်ရဘူးနော်...
ဝိုင်ရော..ဘာရော...ဘာဆိုဘာမှမရဘူး.."

"အင်းပါ .....စိတ်ချစမ်းပါ..ဒီမှာကြည့်
လိမ္မော်ရည်"

ရီရှင်း..သူ့အနားမှာတတွတ်တွတ်လာမှာနေတဲ့
ဂျွန်မြောင်စိတ်ကျေနပ်အောင်...
လက်ထဲက အချိုရည်ဖန်ခွက်ကို မြှောက်လိုက်တော့ ...ပြီးရော..ဆိုပြီးယုန်ပုတုကပြန်ထွက်သွားသည်။
တကယ်လည်းသူမသောက်လိုပါ...
စားစရာတွေကရောက်တောင်မရောက်သေး...
ကျောင်းသားတွေက
ဖွက်ယူလာကြတဲ့ပုလင်းတွေကိုခုံအောက်ကနေ...
ဆရာတွေမမြင်အောင်အပေးအယူလုပ်နေကြသည်။

"ကဲ.....အားလုံးနားထောင်ကြ...
မင်းတို့အားလုံး အားကစားဘက်မှာတော့
တာဝန်ကျေပြီ...စာပေဘက်မှာလည်း
နည်းနည်းအားစိုက်ပြီးကြိုးစားကြ
အဲ့ဒါမှာဆရာတို့အသင်းအတွက်
နှစ်ပတ်လည်ဒိုင်းဆုက ကျိန်းသေမှာ...
ခုတော့ ..ပျော်ပျော်ရွှင်ရွှင်စားကြမယ်..သောက်ကြမယ်
အတန်းကြီးတွေအချိုရည်ပဲနော်....
ဆရာ့အကြောင်းသိတယ်နော်...."

ဘယ်တည်းကစားဖို့စောင့်နေကြသည်မသိ...
ဆရာ့စကားဆုံးတာနဲ့ ...
ဝေး..ခနဲထအော်ပြီး..စားကြသောက်ကြတော့သည်။
နားတွေညည်းပေမယ့်...ရီရှင်းနည်းနည်းတော့
ပျော်သည်။
ဆရာတွေဝိုင်းကိုစားပွဲထိုးပေးနေသည့်
ဂျွန်မြောင်ကိုသာ..ထိုင်ကြည့်နေလိုက်သည်။

"ရီရှင်း...မင်းကောင်လေးမူးနေတာထင်တယ်
ဟိုကောင်တွေ..ကျပ်လိုက်တဲ့ပုံပဲ"

တခြားအတန်းကကောင်လေးတွေနဲ့
Bandဖွဲ့ဖို့ ကိစ္စတွေပြောနေတုန်း..
Krisက ဂျွန်မြောင့်အကြောင်းသတင်းလာပေး
သည်။
ရီရှင်းလှမ်းကြည့်လိုက်တော့
ဂျွန်မြောင်က..သူငယ်ချင်းတွေနဲ့..ရယ်မောပြီး
အဖွဲ့ကျနေသည်။

" Kris ရ...
ဂျွန်မြောင်ကပုံမှန်ပါပဲ.."

"ငါစောစောကမှ အဲ့ဝိုင်းဘေးက ဖြတ်လာတာ
မင့် ကောင်လေးအသံချည်းပဲ
ထွေနေလို့ စကားတွေများနေတာ"

ရီရှင်း...သူတို့ဝိုင်းနားကပ်သွားတော့
ဂျွန်မြောင့်ရယ်သံကို..ဦးဆုံးကြားရသည်။

Who Loves More?[Season One]Where stories live. Discover now