အပိုင်း[၉]

5.6K 618 53
                                    


Unicode...

လက်ပတ်နာရီကိုမြှောက်ကြည့်လိုက်တော့
၅နာရီတောင်ထိုးနေပြီ။
ဂျွန်မြောင်...ပန်းခြံထဲလာထိုင်နေတာ၂နာရီလောက်
ရှိရော့မည်။

"ဟူး"

သက်ပြင်းတွေလည်းဘယ်နှစ်ကြိမ်ချမိမှန်းမသိတော့
မနက်အစောကြီး..ရီရှင်းအိမ်မှာနိုးလာတည်းက
မနေ့ညက အဖြစ်အပျက်တွေအကုန်မေ့သွားခဲ့ရမှာ..
စိတ်ရှုပ်လွန်းလို့..ခေါင်းကိုသာတစ်ဗြင်းဗြင်း
ဆွဲကုတ်လိုက်သည်။
ရီရှင်းကို..ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိ....
တစ်ခွန်းတလေတောင်...မပြောမဆိုဘဲပုန်းနေတဲ့
သူ့ကို ရီရှင်းစိတ်တိုနေလောက်ပြီ.....
ရီရှင်း စိတ်ကို ဂျွန်မြောင်အသိဆုံး ရီရှင်းက သဘောကောင်းပြီးစိတ်ထားနူးညံ့သလောက်
စိတ်ဆိုးပြီဟေ့ ဆိုလည်းသူများထက်စိတ်ကြီးသည်။

ခုပြေးသွားပြီး..~ရီရှင်းရေ..သူငယ်ချင်းလိုပဲနေကြ
ရအောင်~..လို့သွားပြောရင်...
ရီရှင်း....ဒေါသထွက်လိုက်မယ့်ဖြစ်ချင်း....
ဂျွန်မြောင့်ကိုမမြင်ချင်လောက်အောင်
မုန်းချင်လည်းမုန်းသွားနိုင်သည်။
ရီရှင်းက သူ့ကိုပေါ့တန်တန်တွေးပြီးဖွင့်ပြောခဲ့တာ
မဟုတ်မှန်း...ဂျွန်မြောင်သိသည်။
နားလည်လွန်းလို့လည်း...
ရီရှင်းကို ...သူကြောက်နေမိတာဖြစ်သည်။
ရီရှင်းရဲ့ဒေါသကိုရင်မဆိုင်ချင်တာနဲ့ပဲ...
ဒီအခြေအနေကိုလက်ခံလိုက်ဖို့ကလည်း
ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါ။

သက္ကရာဇ်၂၀၀၁ခုနစ်အနေအထားအရဆို
သူတို့နိုင်ငံက ...အနောက်နိုင်ငံတွေနဲ.....
ရင်ဘောင်တန်းနိုင်ပြီးခေတ်မီတယ်ဆိုပေမယ့်
ယောက်ျားလေးချင်း...ချစ်သူတွေကိုတော့
ဂျွန်မြောင်မတွေ့ဖူး....
ကြားဖူးတာမျိုးတွေတော့ရှိပေမယ့်
မဖြစ်နိုင်လိုက်တာလို့တွေးမိခဲ့တာချည်း....
ခုလိုကိုယ်တွေ့ကြုံရလိမ့်မယ်လို့ ..ယောင်လို့တောင်
မတွေးမိခဲ့...
ရီရှင်းအပေါ်...သူဂရုစိုက်ခဲ့သမျှ..
စေတနာထားမိသမျှကို
ဂျွန်မြောင့်အနေနဲ့ထူးထူးဆန်းဆန်းမတွေးခဲ့ဖူးပါ
ဂျုံဒယ်က ပိုလွန်းတယ်လို့ စ တိုင်းလည်း...
~ရီရှင်းအဖေက မင်းအဖေရဲ့အလုပ်ရှင်ဆို
မင်းလည်းဂရုစိုက်မှာပဲ~လို့ ပြန်ခံအော်နေကြ...
ရီရှင်းပျော်ရင်...သူလည်းပျော်တာ..
ရီရှင်းစိတ်ညစ်ရင်...သူအလိုလိုငိုချင်လာတာ...
ရီရှင်းကိုချီးကျူးကြရင်..သူကရီရှင်းထက်ပိုပျော်ပြီး
ဂုဏ်ယူနေတတ်တာ...
မြူတစ်မှုန်စာလောက်တောင်ထိခိုက်နာကျင်မှု
မရှိစေလိုတာ....
ဒါတွေက....အရောင်တွေပါလို့..သူနားမလည်ခဲ့
ဘုရားစူးရစေ့....ဒါတွေဟာသူပုံမှန်ပေါ့ပေါ့ပါးပါးပဲ
ပြုမူနေထိုင်ခဲ့တာ....

Who Loves More?[Season One]Where stories live. Discover now