အပိုင်း[၆]

5.9K 652 14
                                    

Unicode..

"ပါးပါးက ... ..ခုတည်းကအိမ်မှာ
guide အနေနဲ့..ဆရာခေါ်သင်ရမယ်တဲ့...
အဲ့ဒါ ဂျွန့်ကိုပါလာတက်စေချင်လို့လာခွင့်တောင်းတာ
ကျွန်တော်ကလည်း....ဂျွန် အနားမှာရှိမှ
အဆင်ပြေမှာမို့.."

"ရပါတယ်...သခင်လေး
ဂျွန်မြောင်ကလည်း...အဆင်ပြေပါတယ်
ကျွန်တော်လွှတ်ပေးပါ့မယ်.."

"ကျေးဇူးတင်ပါတယ်..ဦးလေး.."

"မဟုတ်တာ..သခင်လေးရာ..
ကျွန်တော့်သားကို..တက်ခွင့်ပေးလို့
ကျွန်တော်က ကျေးဇူးတင်နေရတာပါ"

ဂျွန်မြောင်...ရီရှင်း..နဲ့ အဖေနဲ့ပြောနေတာတွေကို ငြိမ်ငြိမ်လေးပဲနားထောင်နေသည်။
ဂျပန်ကနေ အဖေပြန်ရောက်လို့မှ....သိပ်မကြာသေး..
ရီရှင်း..ဘယ်ကသတင်းရလည်းမသိ
ချက်ချင်းရောက်ချလာသည်။

"ဂျွန်မြောင်....
ငါနဲ့အတူစာလုပ်ပေးနော်"

မသိရင်..ဂျွန်...နိုင်စားတာကို ခံနေရတဲ့ရုပ်လေးနဲ့
~ငါနဲ့ ..ကျူရှင်အတူ တက်ကိုတက်ရမယ်~ဆိုပြီး
မနေ့ညက ဖုန်းဆက်ပြီး အမိန့်ထုတ်တဲ့လူက
သူ့မဟုတ်သည့်အတိုင်း....

"ဟုတ်
သခင်လေးနဲ့အတူစာသင်ပါ့မယ်..ခင်ဗျ"
ဂျွန်မြောင် ငေါ့တော့တော့လေးဖြေပေးလိုက်တော့
ဒင်းက မိန့်မိန့်ကြီး ပြုံးနေသေးသည်။

"အဖေ ...ရေချိုးပြီး...သခင်ကြီးဆီပြန်သွား
လိုက်ဦးမယ်...
သခင်လေး..ကျွန်တော့်ကို...ခွင့်ပြုပါဦး..."

အဖေက အလုပ်ရှိသေးတယ်ဆိုပြီးထသွားသည်။

"ဂျွန်...မင်းအခန်းကို ..သွားရအောင်"

"ဘာလုပ်မလို့လဲ.."

"ဘာမှမလုပ်ဘူး....
မင်းမဝင်ချင်လည်းကျန်ခဲ့...ငါ့ဖာသာ ဝင်မယ်"

ရီရှင်း...အိမ်ရှင်ကိုပင်ပြန်ဟောက်ကာ
တံခါးကို တွန်းပြီး ဝင်သွားသည်။
ဂျွန်မြောင့်မှာ မနေသာတော့ဘဲ ...လိုက်သွားရသည်။
မလိုက်လို့လည်း မဖြစ်...၂မိနစ်အတွင်း
တစ်ခန်းလုံးဗြောင်းဆန်အောင်ဒင်းက လုပ်ပစ်မှာကျိန်းသေသလောက်....

ဂျွန်မြောင် လိုက်ဝင်သွားတော့...
ရီရှင်းက သူ့ စာအုပ်တွေကို ကိုင်ကြည့်နေသည်။

Who Loves More?[Season One]Where stories live. Discover now